အပိုင်း ၂

Start from the beginning
                                    

"ကိုကိုချစ်နော် မသိရင်နီနီကကိုကို့သားမဟုတ်တဲ့အတိုင်းပဲ အသက်ဘယ်လောက်ရှိရှိ နီနီကနှင်းအတွက်တော့ကလေးပဲလေ မဖြစ်သေးပါဘူး နှင်းလိုက်ရှာလိုက်ပါအုံးမယ်"

ပြောရင်း ရှေ့မှခမောက်အား လက်လှမ်းလိုက်တာကြောင့် ဦးချစ်ကိုထိုလက်အားလှမ်းတားလိုက်ရလေသည်။

"ခုမှ​​ပြန်ရောက်တာကို ခဏနားပါအုံးနှင်းရယ် ခဏနေလို့မှ ပြန်မလာရင် ကိုကိုချစ်ကိုယ်တိုင် လော်နဲ့အော်ပေးမယ် ဟုတ်ပြီလား"

"ဦးကိုကိုချစ်က ဘယ်သူ့ကို လော်နဲ့အော်ချင်နေတာတုံး"

"ပြောရင်း အသက်ကရှည်အုံးမယ် မင်းကိုယ့်အိမ်ကိုတော့ပြန်လာတတ်သားပဲ"

ဦးချစ်ကို သားဖြစ်သူအား ခပ်ရွဲ့ရွဲ့ဆိုမိသည်။ပြောလည်းပြောချင်စရာ ​ထန်းတောမှပြန်လာမှန်းသိသာစွာ ​ထန်းရည်နံကလှိုင်ခနဲ
။နွေနေပူပူရဲ့ပယောဂကြောင့်လား ထန်းရည် ပယောဂကြောင့်လား မသဲကွဲစွာ မျက်နှာပြင်ကနီညိုရောင်ရင့်ရင့် ။

ရုပ်ခံလေးရှိလို့သာကြည့်ဖြစ်နေတာ မသိရင် ညတိုင်းကြည့်နေကျ ​​မြန်မာဇာတ်ကားထဲက လူယုတ်မာပုံစံနဲ့။အမလေး ငါသွေးတက်။
ဦးချစ်ကို တွေးရင်း အကြည့်လွှဲရသည်။

"သားနီနီ တစ်ရက်လောက်လေး အိမ်မှာပဲနေကြည့်စမ်းပါအုံးကွယ် နေ့တိုင်းအပြင်ထွက်နေရတာ မပင်ပန်းဘူးလား"

"အမေကလည်းဗျာ ကျုပ်ကို အဲ့လိုမခေါ်ပါနဲ့ဆို ကျုပ်ကလေးမဟုတ်တော့ဘူး သူများတွေကြားရင်လှောင်အုံးမယ် အဲ့လိုဆိုကျုပ်လက်သီးက အရွယ်သုံးပါးမရွေးဘူးဗျ"

ပြောရင်း ရှေ့တန်းလျား၌ဝင်ထိုင်လိုက်ကာ ရေနွေးတစ်ခွက် ကောက်ငှဲ့လိုက်လေသည်။

"အမလေးအမေ့သားရယ် ဘယ်သူမှမရှိမှ အမေကလည်းခေါ်တာပါ အမေ့သားကိုဘယ်သူလှောင်ရဲမှာတဲ့တုန်း ဒါနဲ့ မေ့သားခုထိသဘောကျတဲ့သူမတွေ့သေးဘူးလား"

"အမေကလည်းဗျာ ချွေးမဘာလုပ်မလို့တုန်း
ဟိုနားက ကြီးတော်နုချွေးမလိုမိန်းမမျိုးဆို အမေနေ့တိုင်းအကုသိုလ်များနေမှာနော်"

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now