အပိုင်း (၂၁)

Start from the beginning
                                    

ဆိုင်ကယ်ပေါ် ကျွန်တော်ရောက်ပြီးသည်နှင့် အစ်ကိုက ဆိုင်ကယ်ကို တစ်နေရာသို့ ချက်ချင်းမောင်းထွက်သည်...။

မိနစ်အနည်းငယ် အကြာ...

အစ်ကိုက ပထမဆုံး နီးစပ်ရာ guest house တစ်ခုမှာ အခန်းတစ်ခု ငှားလိုက်သည်...။ ပထမဆုံး စဥ်းစားမိသည်က အစ်ကိုက ဘာလို့ သူတည်းနေကျ ကိုကျော်ကြီးဆီမှာ မသွားတာလဲပေါ့...။

Guest Houseထဲ ဝင်လာပြီးသည့်နောက်မှာတော့ ငှားထားသည့် အခန်းထဲသို့... ရောက်ပြီးသည့် နောက်မှာ... အစ်ကိုက အခန်းမီးရောင် မှိန်မှိန်လေးကိုသာ ဖွင့်ထားပြီး ကျန်သည့် အလင်းရောင်မှန်သမျှ ပိတ်ထားသည်...။

အခန်းထဲ ရောက်လေတော့ အစ်ကိုက ကုတင်ဘေးက ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်ပြီး ကျွန်တော်ကတော့ ကုတင်ပေါ်မှာ ထိုင်နေသည်...။

"သူက ဘယ်သူလဲ? ဘာလို့ ဖြစ်သမျှတွေကို မပြောပြခဲ့တာလဲ?"

အစ်ကို့ဘက်မှ အသံငြိမ်ငြိမ်ဖြင့်ပင် ထွက်လာလေပြီ...။ ထိုအချိန်မှပင် ကျွန်တော်လည်း....

"သူက မင်းခိုက်ရတုမိုရ်... အရင်တစ်ခါ ဆေးရောင်းတဲ့ အဖွဲ့တွေနဲ့ အိမ်ကို လာခဲ့တဲ့ တစ်ယောက်...။ သူက ပျိုးငယ် ဒီရောက်တော့ လာနူတ်ဆက်တာမျိုး ရှိတယ်...။ ဒါပေမယ့် ပျိုးငယ် လုံးဝ လက်မခံခဲ့ဘူး...။ ဟုတ်တယ်... ပန်းတွေ မုန့်တွေ တစ်ခါ ပျိုးငယ်တို့ အတန်းထဲကို လာထားတာ ရှိတယ်...။ ဒါပေမယ့် ပျိုးငယ် လက်မခံဘဲ အကုန်လုံးကို သူများတွေကို ပေးခဲ့တာ...။"

"ဘာလို့ အဲ့ဒီအကြောင်းကို ငါ့ကို မပြောခဲ့တာလဲ?"

"အစ်ကို့ကို မပင်ပန်းစေချင်တာ ပါတယ်...။ ဒါက ပျိုးငယ် စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေထဲမှာ ပါတယ်...။ ပျိုးငယ် ဘာမှမဖြစ်ဘူး... အစ်ကို့က အလုပ်တွေနဲ့.. ပျိုးငယ်အတွက်နဲ့ ပင်ပန်း​နေတဲ့ အစ်ကို့ကို မကြည့်ရက်ဘူး...။ ဒါကြောင့် ပျိုးငယ် ရှင်းလို့ရမယ့် အပိုင်းမို့ ပျိုးငယ် မပြောခဲ့ရုံပါပဲ...။ အဲ့ဒီအတွက် ပျိုးငယ်ကို အစ်ကို သတ်မယ်ဆိုလည်း အစ်ကို့လက်နဲ့ သေရမယ်ဆို ကျေနပ်ပါတယ်...။"

ထိုအချိန်မှာတော့ ကုလားထိုင်ပေါ် ထိုင်နေသည့် အစ်ကိုက ကျွန်တော့်လည်တိုင်ကို ဖျစ်ညှစ်လာပြီး...

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (season-2)Where stories live. Discover now