ပဝါပါးလေးစွန်းမှာဆိုး(၁၈)

Start from the beginning
                                    

"ဟဲ့...နင်တို့ကဒီလောက်ပဲလား...ငါတစ်အိမ်
တစ်ယောက်လာခဲ့ဖို့ပြောထားတာ..."

"အမလေးတော်..ဒီလောက်ရောက်လာတာပဲ
ကျေးဇူးတင်...အကုန်လုံးအလုပ်နဲ့ အကိုင်နဲ့တော့
သူကြီးလို ဟိုလူ့လက်ညှိုးထိုးခိုင်း ဒီလူ့အမိန့်ပေး
ခိုင်းလို့ရတာမဟုတ်ဘူး...ကိုယ့်ဘာသာလုပ်ရတာ"

"ဟုတ်ပ....ဒီမလဲအလုပ်ကတစ်ဖက်..ကလေးက
တစ်ဖက်နဲ့...ဟင်းအိုးကမကျက်သေးဘူး..
ယောကျ်ားကပြန်လာရင် ညူညူဆူဆူလုပ်ဦး
မယ်...ကျုပ်တို့လဲ...လင်ကြီးကြောက်ရ..လင်ငယ်
ကြောက်ရနဲ့တော်..."

"ဟဲ့...မိဖော...ညည်းစကားကဘယ်လိုကြီးလဲ..
နင်ပြောမှ..ငါကနင့်လင်ငယ်ဖြစ်နေပြီ..."

"သိဘူးတော်....ကျုပ်ကသဘောရိုးပြောတာ..
သူကြီးဘာသာ..အဆန်းတွေးသတော့်.."

"ကဲ..ကဲ...တော်ကြပါတော့..."

သူကြီးနှင့်သူ့ရွာသားတွေ တမန်တလည်ဖြစ်နေ
ကြတာကြောင့် သာအောင်ကပွဲကို ဝင်ထိန်းရ
တော့သည်။ဘယ်လိုဟာတွေမှန်းကိုမသိချေ။
ရွာသားတွေကလဲ သူကြီးကိုလေးစားမှုမရှိ။
သူကြီးကလဲ လေးစားခံရအောင်မနေချေ။
ရွာသားတွေလူစုခိုင်းထားတာလဲ ယောကျ်ားဟူ၍
လေးငါးယောက်သာပါသည်။
ဒါကလဲ လူငယ်လူရွယ်တွေမဟုတ်ကြ။
ခေါင်းမွှေးဖြူနေပြီး တုန်တုန်ရင်ရင်ဖြစ်နေပြီ
ဖြစ်သည့် အဖိုးကြီးတွေဖြစ်ပြီး ကျန်တာကတော့
မိန်းမတွေဖြစ်သည်။
ကလေးတို့လို့တွဲလောင်းတွေကလဲ ပါသေးသည်။

"ဟဲ့...ကုလားပု...နင့်အဖေနဲ့အမေမလာဘူးလား.."

သူကြီးကလူအုပ်ထဲ ငုတ်တုတ်ထိုင်နေသည့်
အသက်ငါးနှစ်ခန့်အရွယ် အသားမဲမဲနှင့်ကလေးကို
လှမ်းမေးသည်။

"အဘနဲ့အမေ တောတက်သွားလို့ ကျုပ်လာခဲ့တာ
ကျုပ်နားထောင်လဲ ဖြစ်တယ်သူကြီး..."

"အမလေးဟဲ့....လူကြီးလူကောင်းဆိုတော့..."

"အမေကပြောတယ်...သူကြီးကအရည်မရ
အဖက်မရတွေပြောမှာ အလုပ်ပျက်တယ်တဲ့...
စကားတစ်ခွန်းပြောရင် မပြီးတော့ဘူး...
ဒီနေရာမှပဲ ဝလချီးလည်နေတာတဲ့..."

ကောင်လေးစကားကြောင့် ရွာသားတွေ တသောသောဖြစ်သွားကြသည်။
သူကြီးမျက်နှာလဲ ခရမ်းချဥ်သီးပုတ်တစ်လုံးနှယ်
ဖြစ်နေချေပြီ။
စကားဖြူ မနေနိုင်တော့ ။ ထိုင်ရမှထကာ

ပုဝါပါးလေး စွန်းမှာဆိုးWhere stories live. Discover now