ထိုင်​နေရာက​နေက​နေ​ခြေတစ်လှမ်းချင်းဆီ​
လျှောက်သွားကာ အနား​​ရောက်မှ ​ဒေါက်တာရ့ဲ
မျက်နှာ​လေးကို ​မေ့​စေ့က​နေ ဆွဲယူလိုက်သည်။

"အ့ဲတာကြောင့်ပြောစကားနားထောင်ခ့ဲသင့်တာ
ကြည့်ပါအုံး မျက်နှားလှလှလေးမှာ အနာတရတွေ
ဖြစ်ကုန်ပြီး ဒီလိုမဖြစ်သင့်တာကို"

"ဆိုက်ကိုကောင်! မင်းကိုငါမုန်းတယ်"

"အွန်း အခုဆေးကြောသန့်စင်ပြီး ဆေးထည့်ပေး
မယ်"

"ဖယ်! လာမကိုင်န့ဲ ငါဘာသာလုပ်တတ်တယ်"

မျက်နှာအစိတ်ပိုင်းတွေကိုမထိတထိလာကိုင်နေ
တ့ဲ အဂ္ဂရ့ဲလက်ကိုပုတ်ချလိုက်ပြီး မတ်တပ်ထရပ်
လိုက်မိသည်။စိတ်ကအားသန်နေပါသော်လည်း
ခန္ဓာကိုယ်ကတော့အားမရှိစွာလဲကျသွားခ့ဲသည်။
တစ်စုံတစ်ယောက်ရ့ဲရင်ခွင်ထဲကိုပေါ့။

မိမိရင်ခွင်ထဲအံဝင်ခွင်ကျပြုတ်ကျလာတ့ဲ
ဒေါက်တာလေးကို ခါးကနေတစ်ဖန်ပွေ့ချီလိုက်
သည်။

"ပြောစကားနားထောင်ဒေါက်တာ! လိမ္မာရင်
ဒေါက်တာအတွက်ကြီးပဲ"

နူတ်ခမ်းပါးတွေ့ကော့တက်သွားတ့ဲအထိပြုံးလိုက်
တ့ဲအဂ္ဂရ့ဲအပြုံးတွေက အရိုင်းဆန်ပေမ့ဲ ကြည့်
ကောင်းနေခ့ဲသည်။

ဒေါက်တာကတော်တော်လေးပင်ပန်းသွားတာ
ဖြစ်မယ်။သန့်စင်ပေးပြီး ဆေးထည့်ပေးတုန်းပဲ
ရှိသေးတယ်အိပ်ပျော်သွားခ့ဲသည်။
အိပ်ပျော်နေတ့ဲဒေါက်တာရ့ဲတစ်ကိုယ်လုံးကို
မြတ်နိုးစွာန့ဲအသေးစိတ်ကြည့်နေလိုက်တယ်။

"လှလိုက်တာ"

ပွန့်ပဲ့ရာတွေန့ဲခြေထောက်ဖွေးဖွေးလေးကိုကြည့်
ရင်း သ​ဘောကျမိသည်။မိမိ​ကြောင့်ဖြစ်လာရတ့ဲ
ဒဏ်ရာ​တွေမို့ သ​ဘောကျသည်။ဒေါက်တာဘယ်
လောက်ပဲထွက်ပြေး ထွက်ပြေး ကိုယ့်လက်ကနေ
ဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ဘူး။

ကိုယ်သေသွားခ့ဲရင်တောင် ဒေါက်တာကိုပါ ရ
အောင်ခေါ်သွားမှာ။ ဒေါက်တာန့ဲပက်သက်ရင်
အဂ္ဂမဟာဆိုတ့ဲကိုယ်က အ့ဲလောက်ထိကို အတ္တ
ကြီးတာ။

ဆေးမကူပဲ ပန်းဆီရောင်သန်းနေတ့ဲနူတ်ခမ်းပါး
လေးကို အနမ်းတစ်ချက်ခြွေလိုက်သည်။
နွေးနွေးထွေးထွေးလေးဖြစ်အောင် စောင်ကို
သေချာလေးခြုံပေးလိုက်ပြီး အခန်းအပူချိန်ကို
အနေတော်လေးဖြစ်အောင်မြင့်လိုက်သည်။

InsanityWhere stories live. Discover now