''ကိုကိုဘာပြောမလို့လဲ''

''ဘယ်လိုလဲ အရှက်မရှိမျက်နှာပြောင်တိုက်ပြီးမင်္ဂလာဆောင်ကိုဂုဏ်သွားပြုရတဲ့ခံစားချက်က''

မိုးသားပိုက်ဆံအိတ်လေးကိုခပ်တင်းတင်းကိုင်ကာ

''ဘာဖြစ်ရမှာလဲ ဒီတိုင်းပဲပေါ့ ကိုယ့်အစ်မမင်္ဂလာပွဲကိုသွားတာဘယ်နားမှာမရှက်မရှိတာဖြစ်ရမှာလဲ''

ကိုကိုကထိုင်နေရာမှဒယီးဒယိုင်နဲ့ထလာပြီးသူမလက်ကောက်ဝတ်တစ်ဖက်ကိုခပ်ကြမ်းကြမ်းဆွဲကာ

''မင်းကတော်တော်မျက်နှာပြောင်တိုက်ပါလား တော်တော်အရေထူတဲ့မိန်းမ''

''ဟုတ်တယ် မိုးသားကအစကတည်းကအဲလိုမိန်းမပဲ ဒါမှမိုးသားပုံစံအမှန် ကိုကိုကျေနပ်ပြီလား''

''အေး အခုတော့အစွယ်ထုတ်ပြလာပြီပေါ့ မင်းကသိပ်ကြောက်စရာကောင်းတဲ့မိန်းမ နူးညံ့သလိုဖြူစင်သလိုနဲ့ တစ်ကယ်တမ်းမင်းကမိန်းမယုတ်မ''

''ဟုတ်တယ် ယုတ်တယ် ကိုကိုကိုယ့်ဘာသာသိတော့လည်းမိုးသားကလေကုန်ခံပြီးပြောနေစရာမလိုတော့ဘူးပေါ့''

''ဘာ!''

မိုးသားလည်းသူမလက်ကိုကိုင်ထားတဲ့ကိုကို့လက်ကိုဖြုတ်ချကာ

''ဒီနေ့ကစပြီး ကိုကို့ရှေ့မှာမိုးသားပြိုလဲပြနေမှာမဟုတ်တော့ဘူး''

''အဟက် ဟာသပဲ မင်းဘာသာဘယ်လိုနေနေငါစိတ်မဝင်စားဘူး မင်းကငါ့အတွက်ဘယ်လိုပုံစံမျိုးနဲ့မှအရေးမပါဘူး''

''ပြီးရောလေ အဲဒါဆိုလည်းဘာမှလာပြောမနေနဲ့ပေါ့ ဒီနေ့ကစပြီး ကိုကို့ကိုရှိတယ်လို့သတ်မှတ်မှာမဟုတ်သလို မိုးသားကိုလည်းရှိတယ်လို့သတ်မှတ်မနေနဲ့တော့ အဲဒါနှစ်ယောက်လုံးအေးချမ်းတယ် ကိုကို့ကိုလည်းမိုးသားအတွက်အရေးမပါတဲ့သူအဖြစ်သတ်မှတ်လိုက်ပြီ''

''ဘာ!!''

ကိုကိုကမျက်လုံးတွေရောမျက်နှာကြီးတစ်ခုလုံးပါနီရဲပြီးမိုးသားအားအံကြိတ်၍ကြည့်ကာ

''ဟာကွာ...''

''ခွမ်း''

''အမေ့!''

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now