69 6 0
                                    

ထပ်ခါတလဲလဲရေရွတ်နေမိတဲ့စကားက "မေ့သွားရင် ဘယ်လိုလုပ်မလဲ ငါသူ့ကိုမေ့သွားရသ် ဘယ်လိုလုပ်မလဲ" ဆိုတာပဲ
မေ့သွားမှာကြောက်တယ်...
စာမေးပွဲဖြေခါနီး စာ‌တွေ့မေ့သွားမှာကြောက်တဲ့ ကလေးတစ်ယောက်လို ထပ်ခါထပ်ခါအဲ့နေ့တွေကို ပြန်တွေးနေမိတယ်...

ဧပြီရောက်ခါနီးလေ စိတ်တွေကခြောက်ခြားလာလေ
ဗုံသံနဲ့ ဒိုးချပ်သံတွေပါတဲ့ သကြန်သီချင်းတွေကြားတိုင်း ရင်ဘတ်တစ်ခုလုံးကို ဆွဲညစ်ရမ်းလိုက်သလိုပဲ..

ရှေ့နှစ်တွေမှာ နယ်မြို့လေးကို ပြန်ဖို့တက်ကြွခဲ့သလောက် အခုနှစ်မှာတော့ ပြန်လာဖို့အတွေးတွေဟာ မရှိသလောက်ပဲ..။ ပြန်မလာချင်တာထက် ပြန်လာဖို့သတ္တိမရှိခဲ့တာဆိုပိုမှန်မှာပေါ့လေ။

မြို့အ၀င်လမ်းကို နင်မပါပဲသွားရမယ်ဆိုတဲ့ အတွေးနဲ့တင် အသက်ရှူတွေကြပ်ပြီးလက်ဖျားတွေအေးစက်ဖို့လုံလောက်ခဲ့တယ်..။ ရူးတော့မသွားလောက်ပါဘူး ငါနင့်ကိုရူးသွားလောက်တဲ့အထိတော့မချစ်ခဲ့ဘူးထင်တယ်။

စိတ္တဇနွေWhere stories live. Discover now