Chapter 9 Arc 1 End.

Start from the beginning
                                    

၎င်းက သူ့အား လေတိုက်ရုံနှင့်လဲကျသွားတော့မယောင် ထင်ရစေသည်။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်က သေမှာပဲလေ … မသေခင် ခင်ဗျားကို ကူညီနိုင်တာ ကောင်းတဲ့ကိစ္စပဲမဟုတ်လား … ”

ရွှယ်လင်က လက်များကို ဝေ့ယမ်းလိုက်သည်။

“လာကြည့်ပါဦး … ကျွန်တော့်မှာ အချိန်သိပ်မကျန်တော့ဘူး … အကြံအစည်ကို မြန်မြန်အကောင်အထည်ဖော်တာကောင်းမယ် ...”

ရှင်းပြရခက်သည့် အလင်းတစ်ချို့ဖြင့် ချုံဟွေ့မျက်ဝန်းများ လင်းလက်သွားသည်။ သူက ထိုနေရာ၌ အတန်ကြာရပ်နေမိ၏။၊

ထို့နောက် သူလေးတွဲ့စွာ သက်ပြင်းချလိုက်သည်။

“ကောင်းပြီ …”

လက်ရှိတွင် သူလုပ်နိုင်သမျှမှာ စစ်ပွဲကိုအရှိန်တင်၍ အောင်ပွဲကို သိမ်းပိုက်ကာ တစ်ဖက်လူ လဲပြိုမသွားခင် မြို့တော်အရောက် ပြန်ရန်သာ ဖြစ်သည်။

ရွှယ်လင်သည်လည်း မြန်မြန်အပြီးသတ်ချင်နေ၏။ စနစ်က သူ၏ လက်ရှိခန္ဓာကိုယ်သည် နှစ်ရက်အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ကမ္ဘာကြီးမှ ဖယ်ထုတ်ခံရလိမ့်မည်ဟု ပြောလာသည်။ စစ်သူကြီးတစ်ယောက် အနာဂတ်တွင် အိမ်ထောင်ပြုကလေးယူခြင်း လုပ်မလုပ်ကို သူစိတ်မဝင်စားတော့ချေ။

သူလူတစ်ယောက်ရဲ့ ကံကောင်းမှုကို ဖယ်ရှားပြီးပြီလေ … နောက်တစ်ယောက်ရဲ့ ကံကောင်းမှုကို ယူမယူက အရေးမပါဘူး မဟုတ်လား …

စနစ်က သူ၏ မတုန်မလှုပ်အမူအရာကြောင့် ထိတ်လန့်သွားသည်။ ဒါက သူ့ပိုင်ရှင်မှ ဟုတ်ရဲ့လား …

ရွှယ်လင် မျက်လုံးလိမ့်လိုက်သည်။ သူက စစ်သူကြီးနှင့်ပတ်သက်၍ မည်သည့် မကျေနပ်ချက်မှမရှိရာ တစ်ဖက်လူအား ပျော်စရာမကောင်းသည့် ဘဝမျိုး မကြုံတွေ့စေလိုချေ။ သူ ၏လက်ရှိ အားစိုက်ထုတ်မှုများ အကျိုးသက်ရောက်မှုရှိရန်နှင့် စစ်သူကြီး သူ့အပေါ် ခံစားချက် အနည်းအကျဉ်းသာရှိရန် မျှော်လင့်မိ၏။

ရွှယ်လင်၏ ဗျူဟာမှာ ရန်သူကို မျှားခေါ်၍ အမြစ်ပြတ်သုတ်သင်ရန် ဖြစ်သည်။ ဗျူဟာအား အဆုံးသတ်ပြီးနောက် စစ်သားအားလုံး ချုံဟွေ့၏ အမိန့်အတိုင်းနေရာယူလိုက်ကြသည်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now