🌟🌟ep5🌟🌟

Start from the beginning
                                    

ဂယောင်ဆူးစက်ဘီးပေါ်တတ်ပြီးသော်လည်း အစ်မဖြစ်သူကမျက်ရည်ဝဲနေတာမို့ စက်ဘီးကိုလွှတ်ချကာအစ်မကိုဖက်လိုက်ရ၏။အခုလိုဝမ်းနည်းအောင်လုပ်မိသူကလည်း မိမိကိုယ်တိုင်ပင်။ဂယောင်ဆူးကိုယ်တိုင်လည်း ကိုယ့်ရောဂါအခြေအနေကိုရိပ်မိထားသူမို့ သံယောဇဉ်တွေကိုသိပ်မတွယ်ငြိလို့ပေ။အထူးသဖြင့် မိမိသာသေဆုံးသွားခဲ့လျှင် မမကိုဒီထက်မကကြံခိုင်စေချင်သည်။
အဖေနဲ့အမေအတွက် အိမ်တော်ကလူရင်း အလုပ်သမားတွေအတွက် မမကသန်မာပြီးစောင့်ရှောက်နိုင်ဖို့လိုပေသည်။

"မမကျွန်တော် သိပါတယ်။မမကအဲ့လို့လုပ်နေမယ်ဆို ကျွန်တော်ကပိုပြီးနေရခက်တယ်။နားလည်တယ်မလား ။အခုကျွန်တော်ကကျန်းကျန်းမာမာရှိနေတာမို့ ကျေးဇူးပြုပြီး ကျွန်တော်ကို ရောဂါသည်လို့မဆက်ဆံပါနဲ့။ကျွန်တော်ကထင်ထားတာထက် သန်မာပါတယ်။လူမမာမဟုတ်ပါဘူး ။"

ဟယ်ရာမိမိထက်အရပ်ရှည်သည့်မောင်လေး၏ကျောပြင်ကိုအားနှင့်ဖက်ထားမိသည်။ဘယ်သူတွေဘာပြောပြောမိမိမောင်လေးကို အသက်ရှည်ရှည်နေနိုင်အောင် အမြဲစောင့်ကြည့်ပြီးဂရုစိုက်ဖို့ ဟယ်ရာဆုံးဖြတ်ခဲ့တာဖြစ်ပေသည်။

"ကျွန်တော်ပရောဂျက်ကိစ္စရှိလို့ သွားမှရတော့ မယ် "

ဂယောင်ဆူး အစ်မဖြစ်သူကိုတစ်ချက်ဖက်နမ်းလိုက်ပြီး စက်ဘီးကိုတွန်းကာခြံဝန်းထဲကအမြန်ထွက်လာမိသည်။မဟုတ်ရင် ဒိုဟယ်ရာကြောင့် တက္ကသိုလ်ကိုရောက်ဖြစ်တော့မည့်မဟုတ်ပေ။
အန်တွန်စက်ဘီနင်းထွက်သွားသည့်ကောင်လေးကို ကြည့်ပြီးနောက်မတ်တပ်ရပ်ကျန်နေသူမိန်းကလေးကိုစိုက်ကြည့်မိသည်။အန်တွန်လည်း ရောက်ကတည်းက ဘာမှန်းကိုမသိတော့ပေ။ထိုလူတွေရှေ့စကားသွားပြောကြည့်တာတွေ၊အသားချင်းထိကြည့်တာတွေမျိုးစုံလုပ်ပြီးပေမဲ့ သူတို့ကမြင်လဲမမြင်ကြားလဲမကြားပေ။

မိမိမှာသေသွားပြီးလားလည်းမသိ၊မျှောနေတာလားလည်းခွဲခြားမရပေ။ကိုမာဝင်နေလား စသည်ဖြင့် ဘာတစ်ခုမှကိုမသိရပေ။အထူးသဖြင့် အခုမြင်နေတွေ့နေရသည့် လူတွေကို တစ်ယောက်မှကိုမသိပေ။မေးလို့လည်းမရ ၊ခေါ်လို့လည်းမရနှင့် ဘယ်ကမ္ဘာကိုရောက်နေသလဲပင်မသိရပေ။အဝတ်အစားပုံတွေနှင့်ခေတ်ပုံစံက ကျွန်တော်တို့21ရာစုနှင့်လည်းမတူပေ။ကားတွေက အခုခေတ်ပြိုင်ကားတွေBMWတွေပင်မရှိ။TVထဲမှာသာတစ်ခါတစ်ရံတွေ့ရသည့် ရှေးခေတ်ကားမျိုးတွေဖြစ်သည်။ဝတ္ထုတွေထဲကူးပြောင်းလာရအောင်လည်းဒီလူတွေကိုတစ်ခါမှမမြင်ဖူးသည့်အပြင်မသိလည်းမသိပေ။

🌟You🌟Where stories live. Discover now