ချုံဟွေ့က အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညှိတ်လိုက်ရင်း ပြောသည်။

“ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ် … နောက်ကျနေပြီ … အနားယူတော့လေ … ”

ရွှယ်လင် : “…” ခင်ဗျားသာမလာရင် ကျွန်တော် ကောင်းကောင်း အိပ်ပျော်နေလောက်ပြီ။

သို့သော် ဤကဲ့သို့ စကားဆယ်ခွန်းမှ တစ်ခွန်းသာ ပြောလေ့ရှိသော သူအား ကတ်သီးကတ်ဖဲ့ သွားပြော၍မရချေ။ ရွှယ်လင်က တစ်ဖက်လူ ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းပြီးနောက် အိပ်ပျော်နေသော စနစ်ကို နှိုးလိုက်သည်။ “စနစ် … မြန်မြန် ထတော့ … ”

စနစ်က ကောင်းစွာ အိပ်မောကျနေ၏။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရွှယ်လင်၏ ချီမခြင်းခံလိုက်ရသဖြင့် ခဏတာ ရုန်းကန်နေလိုက်သေးသည်။ ထို့နောက် အိပ်ချင်မူးတူးဖြင့် မေးလာ၏။

“ဘာဖြစ်တာလဲ …”

ရွှယ်လင်၏ အမူအရာက နစ်မြုပ်သွား၏။

“မင်းမှာ အချက်ပြစနစ်လေးဘာလေး မပါဘူးလား … ”

“ဒါက … ပိုင်ရှင်ရဲ့လုံခြုံရေးကို မြှင့်တင်ပေးဖို့ သေချာပေါက် ပါတာပေါ့ … ဒါပေမယ့် ဒီကမ္ဘာက စဦးကမ္ဘာဖြစ်တာကြောင့် ကျွန်တော် အများကြီးသုံးလို့မရသေးဘူး … ဒါပေမယ့် ကျွန်တော်က အရမ်းအသုံးဝင်ပါတယ် … တကယ် … ” ထိုစကားအားလုံးသည် ရွှယ်လင်၏ လျစ်လျူရှုခြင်း ခံလိုက်ရသည်။

“ဒါဆို မင်းဘာလို့ ချုံဟွေ့ ရောက်နေမှန်းတောင် မသိရတာလဲ … မင်းက ဝက်သေတစ်ကောင်လို အိပ်ပျော်နေတာလေ … ”

ရွှယ်လင် စနစ်အား အလွန်စိတ်ပျက်နေလေပြီ။ “ညသန်းခေါင်ကြီး ငါ့မှာလန့်သေတော့မလိုပဲ ...”

စနစ်သည်လည်း လန့်သေတော့မတတ် ဖြစ်သွား၏။ : “ဘာ … စစ်သူကြီးက ဒီမှာလား … ”

ရွှယ်လင် : “…” မေ့လိုက်ပါတော့ … လုံးဝသုံးစားမရတာပဲ …

စနစ်က အိပ်ရာပေါ်ပတ်ပြေးရင်း ဗလုံးဗထွေး ရေရွတ်လိုက်သည်။ : “ဒါက ပုံမှန်မဟုတ်သလိုပဲ …”

ရွှယ်လင် လက်ကို ဝေ့ယမ်းကာ ပြောလိုက်၏။ “မေ့လိုက်တော့ … မင်းကို အားကိုးလို့မရတာ ပထမဆုံးအကြိမ်မှမဟုတ်တာ ...”

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Where stories live. Discover now