''အဲဒါတွေကြောင့်သမုကကို့ကိုချစ်နေရတာပေါ့ ဪဒါနဲ့ မိုးသားလေးကိုသေချာဂရုစိုက်ပေးဦးနော် သူကကလေးဆန်ပြီးဂျစ်ကတိုက်တတ်သေးတာ အမှားတွေဘာတွေလုပ်မိရင်လည်းအရမ်းမဆူနဲ့ဦး သူကစိတ်ကလည်းနုသေးတာ''

''ကိုယ်သိပါတယ် စိတ်သာချ အဲ့ကောင်မလေးစကားနားမထောင်လို့ကတော့ခြေသလုံးကိုကြိမ်လုံးနဲ့နာနာလေးရို.က်ပစ်မယ်''

''ရို.က်ရဲရို.က်ကြည့်ပါလား''

အသံလာကိုသူတို့နှစ်ယောက်ပြိုင်တူလှည့်ကြည့်လိုက်တော့မိုးသားကနှုတ်ခမ်းကိုစူချိတ်ကာသူတို့နားလျှောက်လာပြီး

''ခဲအိုမတော်ပဲနေလိုက်မှာ''

''တောင်းပန်ပါတယ်ဗျာ မှားတာရှိရင်ခွင့်လွှတ်ပါ ခဲအိုမတော်ပဲတော့မနေပါနဲ့''

ထိုအခါမှမိုးသားကမျက်နှာလေးအနည်းငယ်အရောင်ပြောင်းသွားပြီး

''ရှိစေတော့ မမ မေမေကပြင်ဆင်စရာရှိတာပြင်ဆင်ပြီးပြီလားတဲ့''

သမုကတိမ်ယံ့ဘက်လှည့်ကာ

''ကိုပြန်တော့နော် သမုအဝတ်အစားတွေထည့်လို့မပြီးသေးဘူး''

''ဟုတ်ပြီလေ အဲဒါဆိုကိုယ်ပြန်တော့မယ်နော်''

တိမ်ယံပြန်သွားတာနဲ့မိုးသားနဲ့သမုလည်းအိမ်ထဲဝင်ခဲ့လိုက်ကြ၏။

မိုးသားအခန်းထဲရောက်တော့စာကြည့်စားပွဲအံဆွဲထဲကသော့လေးကိုယူပြီးသူမ​ဗီရိုရဲ့သော့ခတ်ထားတဲ့တံခါးလေးအားဖွင့်ကာအထဲကပန်းရောင်အဖုံးနဲ့စာအုပ်လေးကိုထုတ်ပြီးစာကြည့်စားပွဲမှာဝင်ထိုင်ကာစာမျက်နှာထက်သို့လက်ရေးဝိုင်းလေးတွေဖြင့်စတင်စာစီလိုက်သည်။

ဒီစာအုပ်လေးကသူမရဲ့ဒိုင်ယာရီစာအုပ်ဆိုပေမယ့်လည်းကိုကိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေချည်းရေးထားခဲ့တာပါ။
ဒါကသူမအတွက်ဖြေသိမ့်ရာလေးလေ။

မကြာခင်ခဲအိုတော်ရတော့မယ့်ကိုကို့ကိုမိုးသားမပိုင်ဆိုင်ရပေမယ့်လည်းပျော်ပါသည်။

____________

သမုမိုးသားအခန်းထဲဝင်ခဲ့တော့ညီမဖြစ်သူကအိပ်ပျော်နေပြီဖြစ်၍သမု မိုးသားအားစောင်သေချာခြုံပေးခဲ့ပြီးအခန်းထဲကပြန်ထွက်လာမလို့လုပ်တုန်း ညီမလေးတစ်ချိန်လုံးသော့ခတ်ထားတဲ့ဗီရိုကအကန့်လေးတစ်ကန့်ကအခုသော့တန်းလန်းနဲ့ဖြစ်နေ၍သမုသိချင်စိတ်နဲ့​ဗီရိုတံခါးအားအသာဖွင့်လိုက်၏။

အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[completed]Where stories live. Discover now