ချင်ဟွိုင်ဝမ်က သူမကို သက်သောင့်သက်သာ နေနိုင်အောင် ထားမည်ဟု အမြဲတစေ တွေးတောခဲ့သည်။ သိုသော် ရှန်းယွင်ကမူ နှစ်အနည်းငယ်သာ ရှင်သန်နေထိုင်နိုင်ခဲ့ပြီး မတော်တဆမှုတစ်ခုဖြစ်ကာ သတိပေးချက် အလျဉ်းမရှိဘဲ သေဆုံးသွားခဲ့သည်။

သူက ဒီအရိုးပြအိုးကိုလည်း ရှန်းယွင်၏ အကြိုက်အတိုင်း ဖန်တီးထားခဲ့ခြင်း ဖြစ်လေရာ အလွန်အမင်း လှပသည်။ အရေးကြီးဆုံးအချက်က တစ်လောကလုံးတွင် ဒီလို အရိုးပြာအိုးက တစ်အိုးထဲသာတွင် ရှိသည်။ ထို့ကြောင့် ဒီအရိုးပြာအိုးက ရှန်းယွင်၏ အရိုးပြာအိုး ဖြစ်နိုင်သည်။

နင်မုန့်က အစွန်နားတွင် ရပ်နေလျက် ရှီချီ၏ အနောက်တွင် ပုန်းနေသည်။ သူမက အတွေးနက်နေချိန်တွင် ရုတ်တရက် သူမ၏လည်ပင်း အနောက်ဘက်မှ လေးအေးများ ဖြတ်တိုက်လာသလို ခံစားလိုက်ရပြီး ကျောစိမ့်သွားရသည်။

နင်မုန့်ကို ကိုယ်ကို ကျုံ့လျက်မေးလိုက်သည်။

"နင် မအေးဘူးလား"

ထိုသို့ဖြင့် သူမက တိတ်တဆိတ် ရှီချီ၏ကိုယ်၌ မှီလိုက်သည်။ သူမက လည်ပင်းကို ထိတွေ့မိပြီး သံသယအပြည့်ဖြင့် ခေါင်းကို လှည့်လိုက်သောအခါ အောက်ထပ်တွင် ရှိနေသင့်သည့် ဟွမ်ဖေးဖေးက အနောက်တွင် ရပ်နေကြောင်းကို မြင်လိုက်ရသည်။

သူက မည်သည့် စကားတစ်ခွန်းမှ မဆိုဘဲ မျက်နှာသေဖြင့် ရပ်နေသည်။ ကြောက်စရာကောင်းသော ကိစ္စက သူမက အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားခြင်း ဖြစ်သည်။

မူလက ဖြူဖျော့သော အသားအရေက အနီရဲရဲနှင့် ကပ်နေပြီး ပို၍ပင် သေလုအောင် ဖြူဖျော့သွားစေသည်။ ထို့အပြင် မျက်လုံးအောက်မှ မျက်ကွင်းများကလည်း ညိုမည်းနေလေရာ သူမက ရက်ပေါင်းများစွာ မအိပ်ထားသလိုမျိုး အလွန်အမင်း ကြောက်စရာကောင်းလွန်း နေတော့သည်။

ပထမဉီးဆုံးအကြိမ်မြင်သော အချိန်ကနှင့် နှိုင်းယှဉ်လျှင် ယခုအချိန်က ပို၍ ကြောက်စရာကောင်းသည်။

နင်မုန့်က ခေါင်းကို လှည့်ပြီး သူမကို ကြည့်ကြောင်း မြင်သောအခါ ဟွမ်ဖေးဖေးက ပြုံးလျက် နူးညံစွာ ပြောသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now