I like the person like you

Start bij het begin
                                    

ဝတ်ထားတဲ့ ဧပရွန်မှာပါ ရွှံ့စက်တွေပေကျံနေတဲ့ ဂျူနီယာအိုးထိန်းသမားလေးကတော့ သူ့ကိုယ်သူ မကျေနပ်တဲ့ပုံ..။ နဖူးအထိ ရွှံ့ပေနေတဲ့သူဟာ အိုးလုပ်နေတာလား ကောက်စိုက်နေတာလားလို့ မြင်သူတိုင်းက မေးကြည့်ချင်စရာရယ်..။

''အီသန့်လက်တွေပေး''

''ဘာလုပ်ဖို့လဲ''

''သင်ပေးမလို့ပေါ့။ ဒီလေဆင်နှာမောင်းကို အိုးဘဝပြန်ရောက်အောင်လို့ ကယ်ရမယ်လေ။ အီသန်ပဲ ကိုယ်တိုင် အိုးတစ်လုံးကို ဖန်တီးကြည့်ချင်တယ်ဆိုပြီး ငါ့ကိုလုပ်ခိုင်းတော့ ဘယ်လိုလုပ် အီသန့်လက်ထွက်ဖြစ်တော့မလဲ။''

သည်လိုဆိုလိုက်တော့ ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေကို နှစ်ချက်လောက်ဆင့်ခတ်ရင်း ဂျယ်ယွန်းရင်ဘတ်ရှေ့ လက်နှစ်ချောင်းလုံး ထိုးပေးလာလေရဲ့။

အရင်ဆုံး ရှည်လမြောဖြစ်နေတဲ့ ရွှံ့ချောင်းကို အတုံးဖြစ်သွားအောင် ကယ်ဆယ်ရသေးတယ်။

ဂျယ်ယွန်း ရွှံ့တွေပေနေတဲ့ လက်ချောင်းလေးတွေကို ကိုင်ပြီး အိုးလို့မခေါ်သာတဲ့ အိုးပိန်ပေါ် နေရာတကျတင်လိုက်တယ်။ ဂျယ်ယွန်းရဲ့လက်တွေကတော့ အီသန့်ရဲ့ လက်ချောင်းတွေပေါ်မှာ အုပ်မိုးလျက်သား ထိန်းကိုင်လျက်..။

''အိုးလုပ်တယ်ဆိုတာက အနုပညာမျက်လုံးရှိဖို့လိုတယ် အီသန်ရဲ့။ ငါတို့က ဒီရွှံ့စေးလေးတွေကို အသက်သွင်းပေးရမယ့် ပဲ့ကိုင်ရှင်တွေပဲ။''

''အပင်စိုက်သလိုမျိုးလား''

''အင်း...သဘောတရားချင်းတူတယ်။ ကျန်တာတော့ ကွဲတယ်။
ဒီမှာ လှည့်နေတဲ့ ရွှံ့လေးတွေကို ဖြည်းဖြည်းချင်းထိန်းသွား..အီသန်လက်တွေကို တစ်ဖြည်းဖြည်းချင်း ကစားသွားရမှာ။ ငါထိန်းထားပေးမှာမို့ စိတ်မပူနဲ့.. ပြီးရင်တော့ လွှတ်လိုက်မှာနော်။''

''သေချာတော့ သင်ပေးပေါ့''

''ကိုယ့်လက်ပေါ်က အထိအတွေ့ကို ခံစားကြည့်ပါဦး။ပေါ့ပျက်ပျက်လို့ ခံစားနေရလို့လား။''

သတိလက်လွတ်ဖြစ်စွာ ရွှန်းရွှန်းစားစားကြည့်လိုက်မိပြီး ဆိုလိုက်တော့ အီသန်က ခေါင်းတစ်ချက်ခါပြလာတယ်။ အခုအခြေအနေမှာ ဂျယ်ယွန်း အီသန့်အပေါ် စောင့်စည်းလိုက်နာရမယ့် စည်းကမ်းချက်တွေ၊ မကျော်မိအောင့် ထိန်းချုပ်ရမယ့် စည်းတွေ အများကြီး..။

Beyond the horizon [Heejake]Waar verhalen tot leven komen. Ontdek het nu