အခန်းပို (၁၁)

Start from the beginning
                                    

Unicode 

ခရီးသွားတဲ့ တောက်လျှောက်လုံးလည်း ကျွန်တော့်ဖုန်းကို မကိုင်သလို စာလည်း တစ်စက်မှမပြန်။ ကျွန်တော်လွန်တယ်ဆိုတာ သိပေမယ့် ကိုကိုက တကယ် စိတ် ကြီးလိုက်တာ။

အလုပ်များရတဲ့အထဲ အဆက်အသွယ်က မရဆိုတော့ လူက ပင်ပန်း လိုက်တာဆိုတာ။ ဒီငါးရက်ကို အမြန်ကုန်ချင်လှပါပြီ။ ကိုကို့အိမ်ကိုတော့ သတင်း လှမ်းလှမ်း မေးနေရတာပဲ။ ပြန်ရောက်ပြီဆိုတာနဲ့ အိတ်တောင်မချနိုင်ဘူး။ ကိုကို့ ဆီ အမြန်ပြေးသွားတော့တာ။ မမပန်းလေးတို့က အိမ်မှာမရှိဘူးလို့ ပြောထားတာ ကြောင့် ကိုယ့်ဘာသာပဲ ကိုကို့အခန်းဆီ တက်သွားရတယ်။ ကျောင်းကနေလည်း ခွင့်ယူထားတော့ ကိုကိုပျင်းနေတော့မှာပဲ။

အိပ်နေမှာစိုးလို့ အခန်းတံခါးကို တိုးတိုးလေးဖွင့်ကြည့်တော့ မြင်လိုက် ရတဲ့ မြင်ကွင်းက အစိမ်းသက်သက်ကြီးမို့ လူက အဲဒီနေရာမှာတင် ရပ်ပြီးငေးနေ မိတော့တာ။ ပြတင်းပေါက် ဘောင်ပေါ် တက်မထိုင်ဖို့ တားတတ်လွန်းတဲ့လူက ပြတင်းပေါက်ပေါ်တက်ထိုင်ကာ သူမကြိုက်ဆုံးဖြစ်တဲ့ ဆေးလိပ်ကို ထိုင်ဖွာနေ တော့တာ။ ရေမခြောက်သေးတဲ့ ဆံပင်စိုစိုတွေအပေါ် ညနေနေဝင်ရီတရော အချိန် နေရောင်လက်ကျန်က ဖြာကျနေပြီး လူကတော့ အဝေးကို ငေးရီကာ ဆေးလိပ်ကို စိတ်မပါလက်မပါ နှုတ်ခမ်းဖျားလေးနဲ့ ခပ်သာသာလေး ဖွာရှိုက်နေပုံက ပန်းချီကား တစ်ချပ်လိုပဲ။ အသက်လေးဆယ်ကျော် ယောကျာ်းတစ်ယောက်ဟာ ငိုချင်စိတ် ဖြစ်ရတဲ့အထိကြည့်ကောင်းရလားလေ။

ခြေသံလုံလုံနဲ့ အနားကိုအသာတိုးကပ်သွားတော့လည်းသူက ဘာကိုမှ သိမနေ။ အဝေးကို ငေးနေရခြင်းမှာသာ ပျော်ဝင်လျက်။ ကိုကို့အတွေးတွေထဲ ရှိချင်လိုက်တာ။

"ကိုကို"

လွမ်းရလွန်းစွာနဲ့ တမ်းမက်လွန်းစွာ ခပ်ဖွဖွခေါ်မိတော့ အသာလှည့်ကြည့် တယ်။

"ကိုကို ဘယ်တုန်းကဆေးလိပ်သောက်တတ်သွားတာလဲ"

"သောက်တတ်ပါတယ်။ ငယ်ငယ်တုန်းက သောက်တယ်။ မကြိုက်တော့ လို့သာ"

"ဒါပေမယ့် တအားကြည့်ကောင်းတယ်။ ကိုကိုဆေးလိပ်သောက်နေတဲ့ ပုံက တကယ်မိုက်လိုက်တာ"

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now