" ဘာဖြစ်လို့လဲ ကို့ကိုစိတ်ဆိုးသွားတာလား..."
" မဟုတ်ပါဘူး...လေပြေနေမကောင်းလို့
အန်ချင်သလိုလိုဖြစ်လာလို့ပါ..."မဟာသည်ကားကိုချက်ချင်းရပ်လိုက်သည်...
လေပြေသည် ကားပေါ်မှဆင်းပြီး အန်လေသည်...အန်လိုက်သော်ရေသာထွက်လာပြီးမအီမသာဖြစ်နေသည်..." Babe ဘာဖြစ်တာလဲ နေမကောင်းဘူးလား..."
" ဟုတ်ခုဏတုန်းကအထိအကောင်းဘဲ...အခု
ဘာဖြစ်တာလဲ မသိဘူး..."" ဟင်းအစားမှားလို့လား..."
" အစားမမှားပါဘူး "
" ဟုတ်လားဒါဆိုအိမ်ရောက်ရင် ကို့သူငယ်ချင်းခေါ်ပြီးစစ်ခိုင်းမယ်နော..."
" ရပါတယ်အရမ်းကြီးဖြစ်တာမှမဟုတ်တာဦးရဲ့"
" Babe ကဘာမှမဖြစ်ပေမဲ့ကိုကစိတ်ပူတယ်လေးကွာ...ဒါကြောင့်ခေါ်ပြရမယ်"
" အင်းပါဦးသဘောနော..."
နှစ်ဦးသားအိမ်သို့ပြန်လာလေသည်...
မဟာသည်" ဒေါ်ကြွယ်...နေကို ခေါ်ပေးပါဦး လေပြေနေမကောင်းချင်သလိုဖြစ်နေလို့..."
" ဟုတ်ကဲ့သခင်လေး...ဒေါ်ကြွယ်အခုဘဲ ခေါ်ပေးမယ်နော..."
ဒေါ်ကြွယ်သည် ခပ်သွက်သွက်လေး အိမ်ဖုန်းအနားသို့သွားလေသည်...လက်ပံသည်
" ဒေါ်ကြွယ်...ပြာယာပြာယာနဲ့ဘာဖြစ်တာလဲ..."
" လေပြေလေး...နေမကောင်းလို့အဲ့တာ...သခင်လေးက သခင်လေးနေကို ဖုန်းဆက်ခေါ်ခိုင်းတာ..."
" အဲ့ဟာမက အခြေအနေတော်တော်ဆိုးလို့လား..."
" မသိဘူးဟယ်...အဒေါ်ကိုမရှုပ်နဲ့..."
လက်ပံသည် စူပုတ်ပြီး ထွက်သွားလေသည်...
အပြင်သို့ရောက်သော်..."အဲ့ဟာမဘာတွေကြံစည်နေပြန်တာလဲ..."
ဒေါ်ကြွယ်သည် နေ့ဆီဖုန်းဆက်လေသည်...သိပ်မကြာခင်မှာဘဲနေရောက်လာပြီး
လေပြေကိုစမ်းသက်ပေးသော်...နေသည်မဟာကိုပြုံးပြ လိုက်သည်..." မဟာ...သားရီးမင်းကလေးအဖေဖြစ်ပြီး..."
" မင်းဘာတွေပြောနေတာလဲ...ငါ့ဇနီးဆလာင်းလေးကိုသေချာစစ်ပေးကွာကျန်တာမနောက်နဲ့"
Dark ( or ) မုဆိုးဖို
Start from the beginning