လေပြေသည်ပြုံးပြီး...
" ဘာလို့ လေပြေကမုန်းရမှာလဲ ဦးရဲ့အရင်မိန်းမကသေသွားပြီးဆိုပေမဲ့ သူမနေရာကိုလေပြေဒီအတိုင်းမလိုချင်ဘူးလေး...လေပြေကြောက်တယ်...ဒါကြောင့်သူမဆီခွင့်တောင်းရင်ပိုကောင်းမယ်ထင်လို့ပါ..."
" ကောင်းပါပြီး Babe သဘောပါဗျာ..."
နှစ်ဦးသားပြင်ဆင်ပြီးအိမ်ပြန်လာခဲ့သည်...
ပစ္စည်းများကိုထားခဲ့ပြီး သက်စိမ်း၏အုတ်ဂူဆီသို့ခရီးနှင်လာခဲ့သည်...လေပြေသည်ဂူအနားသွားပြီး မြက်ပင်များကို နှုတ်ပြီးလက်ထဲမှပန်းစည်းကို ချထားလိုက်ပြီး..." မမ... တစ်ခါမှမတွေ့ဖူးပေမဲ့ မမကပုံထဲမှာအရမ်းလှတယ်နော...ဦးကမမအတွက်အရာရာ
ဆိုတာလေပြေနားလည်ပါတယ်....ဒါမဲ့လေပြေ
မိုက်မဲလွန်းနေမလား...မမပိုင်တဲ့လူကိုမှချစ်မိနေတယ်...ဒါကြောင့်မို့ မမ လေပြေကိုခွင့်လွှတ်ပေး
ပါနော..."မဟာသည်လေပြေကိုပြုံးပြီးကြည့်နေမိသည်...
" Babe ပြောပြီးပြီးလား..."
" ဟုတ်...ဦးရော မမသက်စိမ်းကိုဘာမှမပြောတော့ဘူးလား..."
" ကိုကဘာပြောရမှာလဲ သက်စိမ်းက အပြင်မှာမှမရှိတော့တာကွာ...ကိုကရင့်ကျက်နေပြီး...
ကလေးဆန်တဲ့လုပ်ရပ်ကို မလုပ်ချင်ဘူးကွာ..."" လေပြေကကြောက်တယ်...ကလေးဆန်တဲ့လုပ်ရပ်ဖြစ်တာသိပေမဲ့အခုလိုပြောလိုက်တော့စိတ်ကပေါ့သွားတယ်😊😊😊"
" ဟုတ်ပါပြီး လာပါပြန်ရအောင်..."
" ဟုတ်ကဲ့ဦး..."
နှစ်ယောက်သားပြန်လာခဲ့သည် ...
လမ်းတစ်လျှောက် လေပြေသည် သဘာဝရှုခင်လေးကိုငေးနေသည်..." Babe..."
" ရှင်..."
မဟာရင်ထဲထိုထူးသံလေးကအေးချမ်းနေသည်...
" ချစ်တယ်ကွာ..."
" လေပြေလဲ ဦးကိုချစ်ပါတယ်ရှင့်..."
" လက်ထပ်ပြီးရင် ကို့ရဲ့ကိုယ်ပွားလေးမွေးပေး
နော..."" ဒါဘဲ ပြောနေတယ်...ဟွန့်..."
" တကယ်ပြောတာလေး လိုချင်တာကိုး😁😁"
" အင်းပါ...ဦးခဏလေး ကားရပ်ပေးပါလား..."
Dark ( or ) မုဆိုးဖို
Start from the beginning