01_HARBORED

34 1 0
                                    

ငါ့ရဲ့ all time favourite လေး။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ငါ့ရဲ့ all time favourite လေး။

Featured ficထဲမှာ အလွယ်တကူရှာလို့ရတဲ့ဇာတ်လမ်းလေး။ affသုံးနေကျဆို သိမှာပါ။ အခုနောက်ပိုင်းထွက်လာတာတော့မဟုတ်ဘူး။ ၂၀၁၉_၂၁ ဆိုတော့ နည်းနည်းကြာပြီဆိုပါတော့။

Seulrene ficတွေထဲဆို highschool au, bestfriend au တွေက တော်တော်နွေးထွေးတယ်လို့ခံစားရတယ်။

ဒါ‌လေးကလည်း bff story ပဲ။ ထုံးစံအတိုင်း ငယ်ငယ်တည်းကသိတယ်။ ကြီးလာတော့ ခံစားချက်တွေရှိလာတယ်။ ဒါပေမဲ့ တစ်ဖက်သတ်လို့ပဲပြောရမလား။ Seulgi က Joohyunကို သူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေရှိတယ်။ ဒါပေမဲ့ Joohyunက သူ့ရှေ့တင် ကောင်လေးတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းပြီးမမြဲဘူး။ တစ်လျှောက်လုံး Seulgi က Joohyun ဘေးနားရှိရင်းပဲ move on ဖို့ကြိုးစားလိုက် သူ့ခံစားချက်တွေကိုမထိန်းချုပ်နိုင်လိုက်နဲ့ လွန်ဆွဲနေခဲ့တာ တစ်ရက် straight as rulerလို့သူထင်ခဲ့တဲ့သူက ယောက်ျားလေးဆန်ဆန်မိန်းကလေးတစ်ယောက်နဲ့တွဲပြလာတဲ့အချိန်မှာ အားလုံးကပြောင်းလဲဖို့အစဖြစ်လာတယ်။

လက်ရှိကိုပြလိုက် အတိတ်က သူတို့နှစ်ယောက်ဆက်ဆံရေးကိုပြလိုက်နဲ့ ဖတ်ရတာ တော်တော်ကောင်းတယ်။ ကိုယ့်bffကိုကြိုက်ဖူးမယ်ဆိုရင်တော့ Seulgi povကနေပြီး နည်းနည်းတော့heartထိနိုင်တယ်။

ကိုယ်နဲ့ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ယုံကြည်ထားတာကနေ မျှော်လင့်ချက်ရောင်ခြည်လေးသမ်းလာတာတွေ... တစ်ဖက်သတ်မျှော်လင့်ရင်းနဲ့ပဲ သူသဘောကျတဲ့သူနဲ့ ချစ်ကြည်နူးတစ်တီတူးတာမြင်ရင် ကိုယ့်အပိုင်မဟုတ်လို့‌ဂျယ်လီနင်တာ ဒေါသထွက်ရတာတွေ။ သူနဲ့ကိုယ်အတူဖြတ်သန်းခဲ့တဲ့လှပတဲ့နေ့ရက်တွေအကြောင်း ပြန်စဉ်းစားမိတဲ့အခါ ပျော်ရွှင်လိုက်ရ အခုသူကိုယ့်အနားမှာမရှိရင် ရင်နာလိုက်ရနဲ့ ပြုံးတစ်ခါငိုတစ်လှည့်ပါပဲ။
ခံစားချက်ဆိုတာကလည်း ထိန်းချုပ်ဖို့ခက်တော့ Move on ဖို့လုပ်တိုင်း သူကလာလာပြီးစိတ်ယိုင်အောင်လုပ်တော့ ရှေ့တစ်လှမ်းတိုးတိုင်း နောက်နှစ်လှမ်းဆုတ်နေသလိုမျိုး။

ဇာတ်လမ်းနာမည်အတိုင်းပါပဲ ဖုံးရင်းကွယ်ရင်း တိတ်တဆိတ်နဲ့ပဲ တစ်ယောက်တည်းခံစားရင်း ငြိမ့်ငြိမ့်လေးသွားမယ့်storyတစ်ခုရယ်။

ရုန်းထွက်ဖို့ခက်တဲ့ဒီအခြေအနေကနေ ‌ဘယ်လိုဘယ်ပုံအဆုံးသတ်မလဲဆိုတာ affကိုသွားပြီးအဖြေရှာနိုင်ပါတယ်။

Completedမို့ ခုလက်ရှိ ongoing တွေလို စောင့်ဖတ်စရာမလိုတာပဲ ကျေးဇူးတင်ရမယ်။

Seulgiphile Where stories live. Discover now