တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

Start from the beginning
                                    

"​ငါ့ကို လောင်းကစားရုံရဲ့ မန်​နေဂျာနဲ့ ​တွေ့​ပေးလို့ရမလား" ကျန်းကျန့်က ထပ်​​​မေးလ်ုက်သည်။

"ရပါတယ်... ကျွန်​တော် လုပ်​ပေးနိုင်တယ်... ဘာလို့ တာဝန်ရှိတဲ့သူနဲ့ ​တွေ့ချင်ရတာလဲ'" ယန်ကျင်းက စိတ်ရှုပ်​ထွေးစွာဖြင့် ​မေးလိုက်သည်။

"လျူဟိုင်ထုန်ကို ကိစ္စ​တွေအတွက် တာဝန်ခံခိုင်းတာ ​ကောင်းမယ်လို့ ထင်လား... သူက ပြဿနာ​​တွေ အများကြီး ရှာပြီး လူမိုက်​တွေ အများကြီး ထားခဲ့ရင်​တောင်​လေ... ဒါမှမဟုတ် ငါ့လို လူဆိုရင်​ရော..."

ကျန်းကျန့်က သူ့ကိုယ်သူ ​ထောက်ခံချက်​ပေး​နေတာလား... အခြားစကားဖြင့် ဆိုရ​သော် ကျန်းကျန့်က လျူဟိုင်ထုန်ထက် ပိုသန်မာသည်။ ထိုကဲ့သို့​သော ​ရွေးချယ်မှူကို တင်ပြလိုက်ပါက တာဝန်ရှိသူသည်လည်း ထိုလျူဟိုင်ထုန်ကို လိုချင်​တော့မည် မဟုတ်​ပေ။

လျူဟိုင်ထုန်က တိတ်တဆိတ် ​ငွေ​ချေး​ပေး​နေပြီး ​ချောင်းထုန်ရွာတွင် ​လောင်းကစားလုပ်ရန် လူစု​နေသည်။ ထိုမန်​နေဂျာကလည်း ၎င်းကို သ​ဘောကျမည် မထင်။ ​နောက်ခံအ​နေဖြင့် ​လောင်းကစားအိမ်သာ မရှိပါက လျူဟိုင်ထုန်သည်လည်း မှု​လောက်စရာ မဟုတ်​နိုင်တော့။

ကျန်းကျန့်က ရှင်းပြချက်တစ်ခု ​ပေးခဲ့​သော်လည်း သူ့ထံတွင် အခြား အ​တွေး တစ်ခု ရှိ​နေ​ကြောင်းကို မ​ပြောခဲ့​​ပေ။ သူက အခြားသူများ၏ လက်​အောက်တွင် ​နေထိုင်ရသည်ကို မကြိုက်ဘဲ ​သေချာ​ပေါက် လူမိုက်တစ်​ယောက်လည်း မဖြစ်ချင်​ပေ။ သို့​သော်လည်း ထိုအခိုက်၌ တစ်ခုခုကို အမှတ်ရသွားခဲ့သည်။

ကူး​ပြောင်းလာပြီး​နောက် ကျန်းကျန့်က သူ့ထံတွင် ​ငွေနှင့်လဲလှယ်ရန် မည်သည့်အရာမှ ရှိ​မ​နေဘဲ အသုံးဝင်သည့် ကျွမ်းကျင်မှုများလည်း မရှိဟု အမြဲတမ်း ခံစား​နေခဲ့ရသည်။ သို့​​သော်လည်း ယခုတွင် တစ်ခုခုကို ရုတ်တရက် ​တွေးမိသွားခဲ့သည်။ ၎င်းက သူ့အတွက် ​ငွေမရနိုင်​သော်လည်း ​လောင်းကစားရုံမှ လူများက သူ့အား ​နေရာမြင့်မြင့် ​တွေးနိုင်ကြမည့်တစ်ခုဖြစ်သည် ထိုအရာမှာ... ကတ်များ ဖြစ်​ပေသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now