တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

Start from the beginning
                                    

ထိုသာမန် အဝတ်အစားနှစ်စုံမှာ အနီ​ရောင် အစင်းများပါ​သော လ​​ရောင်ဖြူ အစဖြစ်ကာ အနီ​ရောင်ရင့်ရင့် အစဖြင့် တွဲချုပ်ထားပြီး ​ပျော်ရွှင်မှုကို ကိုယ်စားပြုသည့် အနီ​ရောင် ခါးစည်းလည်း ချည်ထား​သေးသည်။ ကျန်းကျန့်၏ ခါးက အဆီပိုများ မရှိ​ပေ။အဝတ်အစားများ ဝတ်လိုက်ပြီး ခါးပတ်ကို ကြပ်လိုက်​သောအခါ ချက်ချင်းပင် အလွန်အမင်း အင်အားပြည့်​နေပုံ​ပေါ်သွားပြီး ​ကျောက်ကျင်း​ကောသည်လည်း ထို့နည်းတူပါပင်။ ​သေချာပေါက် ကျန်းကျန့်က ​ထိုအခိုက်တွင် ​ကျောက်ကျင်း​​ကောကို မ​တွေ့ရ။

ယမန်​နေ့ညက ​ကျောက်မိသားစုမှာ အိမ်အသစ်အတွင်းသို့ အထူး ပြုလုပ်ထား​သော ကုတင်ကို ထည့်သွင်းခဲ့ကြသည်။ ထို့​နောက် ​​ကျောက်ကျင်း​ကောက အိပ်ရာကို ​ကောင်းချီးများ ရရှိရန်အတွက် ဝမ်ဟိုင်ရှန်း၏ အငယ်ဆုံးသား ဝမ်တနျိုနှင့် အတူ အိပ်ခဲ့သည်။

ကျန်းကျန့်က သိသိသာသာပင် သူ့အိမ်အသစ်ထဲမှ သူ့အိပ်ရာ​ပေါ်တွင် ဝမ်တနျိုတစ်​ယောက် ​သူ့​ကျောက်ကျင်း​​ကော​လေးနှင့် အတူအိပ်မည်ကို တွန့်ဆုတ်​နေပါ​သော်လည်း ထိုကိစ္စနှင့် ပတ်သက်ပြီး မည်သည်ကိုမှ မလုပ်နိုင်ခဲ့ပါပေ။ ထပ်​ပေါင်းရလျှင် အခြား​သော ဓ​လေ့ထုံးတမ်းများလည်း ရှိ​နေ​သေး​ပေသည်။ ဥပမာအားဖြင့် ယမန်​​နေ့ညတွင် ကျန်းကျန့်က ​ကျောက်မိသားစု၏ အိမ်အသစ်၌ အိပ်ခဲ့စဥ်တွင် ​ကျောက်ကျင်း​​ကောက သူ့အိမ်တွင် အိပ်ခဲ့​ပေသည်။

ယ​​နေ့တွင် သူက ​ကျောက်မိသားစုအိမ်ဘက်၌ အလုပ်ရှုပ်​နေခဲ့ရသည်။ အဝတ်အစားသစ်များ လဲလှယ်ပြီး​နောက် ​ကျောက်မိသားစုအိမ်မှ သူ့ကိုယ်ပိုင်အိမ်သို့ သွား​ရောက်ရမည် ဖြစ်ပြီး ထို့​​နောက် မင်္ဂလာပွဲအတွက် ​ကျောက်မိသားစုအိမ်သို့ ပြန်သွားရ​ပေလိမ့်မည်။ နောက်တွင် သူက ​ကျောက်ကျင်း​ကောအား ​ကျောက်မိသားစု၏ ဘိုး​ဘေးခန်းမဆီသို့ ပြန်​ခေါ်သွားရန် လို​ပေသည်။ ၎င်းက ကရိကထ များ​နေလျှင်​တောင် ​ယောကျ်ားတစ်​ယောက်က အမျိုးသမီး တစ်​ယောက် သို့မဟုတ် ​ကောတစ်​ယောက်နှင့် လက်ထပ်ရ​သောအခါ ထိုသို့ လုပ်​ဆောင်ရန် လိုအပ်​နေဆဲ ဖြစ်သည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now