.........

အတန်းဆင်းတာနဲ့ ဂျင်ဟျောင်းဆီ ပြေးကာ တောင်းပန်ရလေသည်...
ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး အတန်းတက်ရင်တော့ ဟျောင်းကို ဆရာတယောက်လိုဆက်ဆံပြီး အပြင်မာတော့ အကိုတယောက်လိုဆက်ဆံတယ်...

"ဟျောင်း တောင်းပန်ပါတယ်နော်.."
"ရပါတယ် ဂျီမင်ရယ်....
ဒါနဲ့ အ့ကျောင်းသားက..."
"ဒီကျောင်းရဲ့ ပိုင်ရှင်ပေါ့...."
"ဟင်..ဟုလား...."
"ဟုပါ့.."
"ဒါကြောင့် ဒီလောက်ဆိုးနေတာကို ..."
"ဟုတ်..တောင်းပန်ပါတယ်..ဟျောင်း..."
"အင်းပါ...
ကဲ ..ဟိုမာ နမ်းဂျွန်လာပြီ ဟျောင်းသွားတော့မယ်..."

အတွဲတေများ မျက်စိကိုနှောက်တယ်...လာလဲတူတူ ပြန်လဲတူတူ...ဂျင်ဟျောင်းက နမ်းဂျွန်ဟျောင်းပေါ် သိပ်ချစ်ရှာတယ်...ဒီလိုချစ်ခံရဖို့လဲ နမ်းဂျွန်ဟျောင်းက အလယ်တန်းထဲက အသေလိုက်ခဲ့တာလေ...
ဟင်!!!နမ်းဂျွန်ဟျောငိးဘေးမာ..ယွန်ဂီဟျောင်း...

"‌ေဟျာင်း...."

မကြားချင်ယောင် မမြင်ချင်ယောင်ဆောင်သွားတဲ့ ယွန်ဂီ..

"ဟျောင်း...
ကျတော်နဲ့ စကားမပြောချင်တာလား..."

ထိုမှ သွားနေတဲ့ ခြေထောက်များ ရပ်တန့်သွားပြီး ဂျီမင့်ဘက်လှည့်ကာ စကားပြောလာသည်..

""မဟုတ်ပါဘူး .."
"စိတ်ဆိုးနေတာလား ဟျောင်း.."
"ဘာလို့ ဟျောင်းက ဂျီမင့်ကို စိတ်ဆိုးရမာလဲ ..."
"မနက်က ကုနမ်း...."
"အော်...စိတ်မဆိုးပါဘူး ဂျီမင်နဲ့ ဟျောင်းက ချစ်သူတေမှ မဟုတ်ဘဲ..."
"ဟျောင်း..."
"စိတ်မကောင်းမဖြစ်ပါနဲ့..ဟျောင်းအဆင်ပြေတယ်.."

အဆင်ပြေတယ်သာပြောနေတာ..မျက်နှာက ဘယ်လိုမှ ကြည့်ရတာ အဆင်ပြေပုံမပေါ်ဘူး...
သူကို ငြင်းမတဲ့ ကိုယ့်ကိုကိုယ်တောင် အပြစ်ရှာချင်တယ်...
ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့နဲ့ တကယ်လဲ သူ့ဘက်က ဖွင့်လဲပြောရော ဟိုခွေးလေးမျက်နှာကိုပဲမြင်ယောင်ပြီး ငြင်းလိုက်မိတယ်...

"ဟျောင်း..ဟင့်...'
"ဟောဗျာ..ခလေးလား..တကယ်ကယ်ဟျောင်း အဆင်ပြေပါတယ်ဆို..တော်တော် မငိုနဲ့ ဟျောင်းမချော့တတ်ဘူး..."
"ဟင့် ဟင့် တောင်းပန်တယ် ဟျောင်း..''

🌼မောင်လူဆိုး🌼Where stories live. Discover now