ထိုအချိန်မှာတော့ မေရီက သဘောကျစွာ ပြုံးလာပြီးသည့် နောက်မှာ....
"အမလေး... ပတ်ဝန်းကျင်က စကားလုံးတွေက အဲ့လိုပါပဲ...။ ငဦးက အဲ့ဒီကလေးကို အရင်ယူထားတာဆိုပေမယ့်... အခုများ နှစ်ဦးနှစ်ဖက် အဆင်ပြေနေတာမှ လွန်ရော....။ ငဦးက တစ်ခါတစ်လေ... ပျိုးငယ်ကို သဝန်တိုတဲ့ နေရာမှာသာ ဆိုးတာ...။ ကျန်တဲ့အချိန် အတည့်..."
"သဝန်တိုတာမျိုး ဟုတ်လား မေရီ..."
သူ သဝန်တိုတာမျိုးကို ခဏ ခဏ တွေ့ရပေမယ့် တမင်တကာပင် မသိချင်ယောင်ဆောင် လိုက်ကာ မေးမိသည်....။
"အမလေး... ဟုတ်ပါ့ ဟုတ်ပါ့...။ အဲ့ဒီအတွဲက ဘယ်လိုလုပ်လုပ် မနိုင်ပါဘူး... တကယ်..တကယ်..."
မေရီကတော့ လွတ်လပ်ပေါ့ပါးစွာပင် ပြောလေတော့ ပိုပြီးတော့ သိချင်လာသည်....။
"ဟုတ်လား... မေရီ...။ စိတ်ဝင်စားစရာပဲနော်... သူတို့က ဒီလောက်ချစ်နေတာကို မြင်နေရတာ...။ လူတိုင်းနဲ့လား ဒါမှမဟုတ် တစ်ယောက်တည်းနဲ့ပဲ တိုတာမျိုးလားဟင်?"
"အမလေး... ငဦးတိုရင် အကုန်တိုတာ...။ ပျိုးငယ်အနား ရှိနေတဲ့ဆိုရင် အကုန်တို...။ အဓိက ကတော့ ပျိုးငယ်နဲ့ နီးစပ်သူတွေဆို ပိုဆိုးတယ်...။ အရင်တစ်ခါတုန်းက ပျိုးငယ် သူငယ်ချင်းနဲ့ ပတ်သတ်ပြီး အတင်းကာရောတွေတောင် ဖြစ်သွားတာ...။ ကဲ... သူတို့အကြောင်း ပြောမယ်ဆို မကုန်တော့ဘူး...။"
ထိုအကြောင်း ဆက်မမေးသင့်ဘဲ သိရှိပြီးသည့် နောက်မှာတော့ အကြံတစ်ခု ခေါင်းထဲသို့ တိုးဝင်လာသည်....။
"ဟို.. မေရီ... ဒီနေ့လေ... မြို့ကို ကျန်းမာရေး အစည်းအဝေး ရှိသလို... အပြန်ဆေးတွေရော ယူမှာမလို့လေ...။"
"ဟုတ်လား? ဘာဖြစ်လို့လဲ ဆရာလေး..."
"အဲ့ဒါ... အကူအညီတစ်ခုလောက်တော့ တောင်းချင်တာ...။ ဒီရွာမှာ ကျွန်တော် အကူအညီ တောင်းနိုင်လောက်တဲ့အထိလည်း မေရီတို့ပဲ ရှိတာဆိုတော့လေ...။ အဲ့ဒါ..."
"ကဲပါ... ဆက်ပြောပါ...။ အားမနာပါနဲ့... ဒါပေါ့ ဆရာလေးက တစ်ယောက်တည်း ရှိတာကို ကူညီရမှာပေါ့...။"
"ဟို... အဲ့ဒါ... မေရီတို့အိမ်က တစ်ယောက်လောက် ကျွန်တော့်ကို လိုက်ပို့ပေးလို့ ရမလားဟင်? အဲ့ဒါ-"
အပိုင်း (၂၀)
Comenzar desde el principio