11

909 104 34
                                    

"ကျောင်းတွေပိတ်တော့မယ်လေ Ai Gem"

စာလုပ်နေရင်း အဆက်စပ်မရှိထပြောတဲ့ Phi Perth ကို ကိုကို ဟာ ipad ကိုငုံ့ကြည့်နေရာက ဆတ်ခနဲခေါင်းထောင်ရင်း မျက်ခုံးပင့်ပြသည်......

Fourth ကတော့ ကိုကို ရွေးပေးထားတဲ့ သင်္ချာပုစ္ဆာတွေအဖြေမထွက်သေးတာမို့ စပ်စုချင်ပေမယ့်လည်း မကြည့်ရဲပေ.....

ipad ကိုကိုင်ထားတဲ့ ကိုကို့ လက်ချောင်း‌ရှည်ရှည်လေးတွေကိုသာ မျက်စိစွေကြည့်ပြီး Phi Perth ဘာဆက်ပြောမလဲဆိုတာနားစွင့်နေလိုက်သည်......

တကယ်ဆို ညနေ ခြောက်နာရီလောက်ထဲက စာလုပ်နေရတာ အခု ည ဆယ်နာရီတောင်ထိုးလုပြီမို့ Fourth စာထဲဘယ်လိုမှစိတ်နှစ်လို့မရတော့ပေ.…...

ကိုကို့ ကို ကြောက်လို့သာဖင်မကြွပဲထိုင်နေရပေမယ့် တကယ်က အိပ်ငိုက်နေပြီ....

Phi Perth ကလည်း ညနေထဲကစာလာလုပ်နေတာအခုထိပြန်မယ့်ပုံမပေါ်သေး......

Fourth အိပ်ချင်လှပြီ......

Fourth ‌တို့သုံးယောက်သား ကြမ်းပြင်ပေါ် ထိုင်ချရင်းစာအတူတူလုပ်နေတဲ့‌စားပွဲပေါ်မှာ ငုတ်တုတ်လေးထိုင်ပြီး ကိုကို့ ကိုမျက်တောင်မခတ်တမ်းငေးကြည့်နေတဲ့ Arm ကိုပဲ Fourth မနာလိုဖြစ်မိလေတော့သည်.....

ကြောင်ဖြစ်ပြီး အိပ်ချင်တိုင်းအိပ်လို့ရပါရက်နဲ့ အိပ်စရာရှိတာမအိပ်ဘူး တကယ်ပါပဲ......

"ကျောင်းပိတ်တာဘာဖြစ်လို့လဲ အဆက်စပ်မရှိ"

ကိုကို့ အမေးကို Phi Perth ကနှာခေါင်းတစ်ချက်ရှုံ့ရင်းပြန်ဖြေလာလေသည်.....

"မင်း Phi Yuu ကို ဖွင့်ပြောသင့်နေပြီလေ......
သူကနောက်နှစ်ဆိုတက္ကသိုလ်ဆက်တက်ရတော့မှာ မင်းကကျောင်းမှာကျန်ခဲ့မှာ
မတော်လို့သူများဦးသွားရင်ဘယ်လိုလုပ်မလဲ
တခြားလူနောက်ပါသွားမှ အသဲကွဲကျန်ခဲ့မယ်နော်"

"ဟင်း......"

သက်ပြင်းချသံတိုးတိုးလေးဟာ ကိုကို့ နှာဖျားချွန်ချွန်လေးတွေမှာနေရာယူသည်......

Fourth ကတော့လက်ထဲက ဘောပင်လေးကိုသာ တင်းနေအောင်ဖြစ်ညှစ်မိတော့တာပါပဲ......

ချစ်လို့......Where stories live. Discover now