“အိုး ခိုင် မော့.. နမ်းကြပြန်ပြီဟ.. အားးးးးးး”
နျဲ့ရှောင်မှာ ဟမ်းစတားလေး၏ မျက်လုံးများအား လက်ဖြင့်အုပ်လိုက်သည့်တိုင် အကောင်ငယ်လေးမှာ သူမြင်သင့်သည့်အရာအား မြင်တွေ့သွားလေသည်။
ဆန်မုန့်လုံးလေးက တလက်လက်တောက်ပနေသည့် မျက်လုံးနက်နက်လေးများအား တဖျက်ဖျက် ခတ်လိုက်သည်။ မထင်မှတ်ဘဲ သူ၏ဒယ်ဒီအား အနမ်းပေးနည်းအသစ်ကို သင်ယူလိုက်မိလေသည်။
ထိုအရာက စိုစိုစွတ်စွတ် ပြင်သစ်အနမ်းပြီးနောက်တွင် ကျန်းချိုး၏ အင်္ကျီကော်လံအား လွှတ်ပေးလိုက်ပြီးနောက် သူ မြေပြင်ပေါ်သို့ ထိုင်လျက်သား ပြုတ်ကျသွားလေသည်။ ဂျုံရောင်သန်းနေသည့် မျက်နှာမှာ လွန်ခဲ့သည့် အချိန်ကပင် ဟုန်းဟုန်းတောက်နေပြီး ဖြစ်ကာ နားသန်သီးလေးများမှာ ရဲရဲနီနေလေသည်။ တစ်ဖက်သူ၏ နွေးထွေးနူးညံ့သည့် နှုတ်ခမ်းပါးအထိအတွေ့မှာ သူ၏နှုတ်ခမ်းထက်တွင် ယခုထိအောင် ကျန်ရစ်နေဆဲ ဖြစ်ပုံပင်။
သေတ္တာအတွင်းမှ ပြိုင်ဘက်ကင်းလှပသည့် ရေသူမတစ်ကောင် ထွက်ပေါ်လာပြီး လှပကာ ပင်လယ်ကဲ့သို့ နက်ရှိုင်းသည့် ကျောက်မျက်နှင့်တူသော မျက်လုံးများဖြင့် လူတိုင်းအား ကြည့်နေလေသည်။
အနမ်းတစ်ခုပြီးနောက်တွင် သူ အတော်လေး သက်သာသွားသည်ဟု ဆိုနိုင်သော်လည်း ဖြူဖွေးသည့် အသားအရည်မှာ သဘာဝမကျစွာ နီမြန်းနေဆဲဖြစ်သည်။ လေထုထဲရှိ ချိုမြိန်သည့် ရနံ့မှာလည်း ယခင်ကထက်ပင် ပိုမိုသင်းပျံ့စူးရှလာသည်။
“ဘာလာကြည့်နေတာလဲ.. မိတ်လိုက်ကာလရောက်နေတဲ့ ရေသူထီးတစ်ကောင်ကို တစ်ခါမှ မမြင်ဖူးကြဘူးလားကွ..”
တစ်ညီတစ်ညာတည်း ခေါင်းခါလိုက်ကြသူများ : “…”
ငါတို့တကယ်ကြီး တစ်ခါမှတောင် မမြင်ဖူးဘူးရော်..
လူတိုင်း သူတို့ရှေ့ရှိ ရေသူထီးအား ကြောင်အစွာ စိုက်ကြည့်နေကြလေသည်။ ကမ္ဘာမြေပေါ်တွင် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်သော်လည်း နတ်သမီးပုံပြင်များနှင့် ဒဏ္ဍာရီများထဲရှိ ရေသူမအား ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးကြခြင်းပင်။
Chapter 47 🐹
Start from the beginning