Smiling Murderer 01 - Death Smile

1.3K 129 18
                                    

စပရိုက်ပါ စပရိုက်ပါ ဟဲဟဲ မအားလို့ ဥထားတာလေး တင်ပေးလိုက်ပါတယ်

Unicode

" မာကော.. ရေခဲမုန့်စားပါဦး"
ကျောက်ဟူ လက်ထဲမှ ရေခဲမုန့်တစ်ခွက်ကို မာဟန်လက်ထဲ ထည့်ပေးလိုက်သည်။

မာဟန်လဲ တစ်ချက်စောင်းငဲ့ကြည့်ရင်း ကောင်းကင်ကို ခပ်ယဲ့ယဲ့ မော့ကြည့်၏။ ဒီနေ့ သူတို့ တရားခံဖမ်းရန် ရောက်နေခြင်း။  ပစ်မှတ်ကို သေချာလျာထားပြီးဖြစ်၏။ သူနှင့် ကျောက်ဟူတို့က ‌ဈေးဝယ်စင်တာ အပေါက်ဝတွင် စောင့်ရန် တာဝန်ကျသဖြင့် တရားခံထွက်လာမည့်အချိန်ကို စောင့်နေရသည်။ ပိုင်ယွိထန်က အဖွဲ့နှင့်အတူ ဈေးဝယ်စင်တာထဲမှ သူတို့ကို အမိန့်ပေးနေသည်။

ဆောင်းရာသီမို့ ရာသီဥတုက ချမ်းစိမ့်စိမ့်။ သို့သော် တနင်္ဂနွေနေ့ဖြစ်နေ၍ ‌လူအဝင်အထွက်က ပုံမှန်နေ့တွေထက် ပိုများသည်။

သူတို့အဖွဲ့ဖမ်းရန် စီစဉ်ထားသူမှာ မိန်းကလေးငယ်ငယ်လေးများ လေးယောက်တိတိကို သတ်ဖြတ်ခဲ့သူ အဝါရောင် ဝံပုလွေဟု အမည်ရသူဖြစ်သည်။

အရင်တစ်ခေါက် နှုတ်ခမ်းနီလူသတ်သမားအမှု မဖြေရှင်းနိုင်ခဲ့သည့်အတွက် SCI အဖွဲ့ခေါင်း‌ဆောင်၏ ပြိုင်ဆိုင်လိုစိတ်မှာ ထိန်းသိမ်းမရဖြစ်ကာ အမှုများကို အသည်းအသန် ဖြေရှင်းချင်လာသည်။ သို့သော် လတ်တလော အမှုကြီးကြီးမားမား မရှိသည့်အတွက် ခေါင်းဆောင်ပိုင်လဲ မှုခင်းရဲတပ်ဖွဲ့၏ ဖြေရှင်းရခက်သည်ဆိုသော အမှုအားလုံးကို လက်လွှဲယူလိုက်သည်။ ထို့ကြောင့် ရဲဌာနမှ လူတိုင်း အခုရက်ပိုင်းအတွင်း စက်ကွင်းမလွတ်မည်စိုး၍ ပိုင်ယွိထန်၏ အရိပ်တွေ့လျှင်တောင် ဝေးဝေးရှောင်ကြသည်။

" ကျွန်တော်တို့ ကမ္ဘာကြီးပူနွေးလာတဲ့အကြောင်းပဲ ပြောကြတာလေ"
ကျောက်ဟူက လက်တစ်ဖက်နှင့် ရေခဲမုန့်ကိုင်ကာ ကျန်တစ်ဖက်က ဆွယ်တာအင်္ကျီ ကော်လာကို ပင့်တင်နေသည်။
" အခုတော့ ကမ္ဘာကြီး ပိုအေးလာပြီလို့ထင်တယ်ဗျ..  ကျွမ်းကျင်ပညာ‌ရှင်တွေက ကမ္ဘာကြီး ice age နဲ့ နီးလာပြီလို့ ပြောကြတာပဲ.. အဲ့ဒါကြောင့်လေ အဲ့ဒီ့ဆောင်းပါးလဲ ဖတ်ပြီးရော ကျွန်တော် သွားလေရာ မီးခြစ်ဆောင်သွားတယ်သိလား"

Special Crime Investigation Book 3 (ဘာသာပြန်)Where stories live. Discover now