ကျန်းလီဟွေး : "....."

မဟုတ်သေးပါဘူး။ ဒီလိုတုံ့ပြန်သင့်တာမဟုတ်ဘူးလေ။ ဝမ်းနည်းစိတ်မကောင်းဖြစ်နေတဲ့ Omegaတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသံကို ကြားရင် ​'မင်းအပြစ်မဟုတ်ပါဘူး'လို့ စကားတစ်ခွန်း၊နှစ်ခွန်းလောက်နဲ့နှစ်သိမ့်သင့်တာမဟုတ်ဘူးလား။

ကျန်းလီဟွေး၏ ဆွံ့အသွားသည့်မျက်နှာက ရှောင်ကျန့်ကို အနည်းငယ်ရယ်ချင်စိတ်ဖြစ်လာစေသည်။

ထို့နောက်တွင် ဖိုင်တွဲသယ်လာသည့်ကျောင်းသားဖြစ်သူမှာ ရှောင်ကျန့်ကို အထပ်ထပ်အခါခါတောင်းပန်နေတာကြောင့် ရှောင်ကျန့်ဟာ ပြုတ်ကျနေတဲ့ဖိုင်တွဲတွေကိုတောင် ပြန်ကောက်ပေးလိုက်သေးသည်။

ဒီအဖြစ်အပျက်က ဟယ်စုန့်နန်၏ ကျန်းလီဟွေးအပေါ်အမြင်မှာ ပိုတောင်စောင်းသွားသေးသည်။ ဟွန့်ကနဲ နှာမှုတ်လိုက်ပြီး အပြောခံလိုက်ရတာကို လွန်တယ်လို့တောင်မခံစားရပေ။ ဘာကြောင့်ဆို ဟိုတစ်ယောက်ပြောတာ အမှန်တွေချည်းပဲလေ။

ရှောင်ကျန့်က သူ့ရှေ့က လူကိုခြေစွန်းခေါင်းစွန်းကြည့်သည်။ မျက်နှာကျကိုကြည့်ရတာ အရှေ့တိုင်းသားရုပ်ရည်မျိုးဆိုပေမယ့် ကိုရီးယားလူမျိုးတစ်ယောက်ဖြစ်ပုံပေါ်သည်။

"ခင်ဗျားက...."

တစ်ဖက်လူမှာ ခုနက ကျန်းလီဟွေးကိုမာမာထန်ထန်ပြောနေတုန်းကနှင့် ဆန့်ကျင်စွာ ချက်ချင်းပြာယာသွားသည်။

"ကိုယ်...ကိုယ်...ကိုယ့်နာမည်က ယောင်းဇယ်...ကိုယ်က တတိယနှစ်ကျောင်းသားပါ"

"ဒါဆို စီနီယာပေါ့...."

စီနီယာ ယောင်းဇယ်က ခေါင်းတစ်ဆတ်ဆတ်ငြှိမ့်သည်။

"စီနီယာက တတိယနှစ်ဆို ဘယ်လိုလုပ် ဒုတိယနှစ်တွေဘက် ရောက်လာတာလဲ"

"အာ...အာ....ဒါက...."

ဂဏာမငြိမ်ဖြစ်လာသည့်မျက်လုံးတွေနဲ့အတူ ရှောင်ကျန့်ကို မျက်နှာချင်းမဆိုင်ရဲသလို ရှက်ရွံ့စွာမျက်နှာလွှဲသွား၏။ ရှောင်ကျန့်မှာ သူ့မျက်နှာကပဲ မကြည့်ချင်လောက်အောင် ဆိုးဝါးနေတာလားဟု အတွေးဝင်မိသွားသည်အထိပင်။

system 091 (Book 2)Where stories live. Discover now