Part 27 ( U + Z )

25.8K 919 215
                                    

Unicode

ကြီးကျယ်ခမ်းနားသော Premium Hotel ကြီးတွင် ကုမ္မဏီတစ်ခု၏ ပစ္စည်းသစ် မိတ်ဆက်ပွဲသို့ ရှယ်ယာရှင်များ အပါအဝင် သတင်းမီဒီယာသမား များလည်း ရောက်ရှိနေကြသည် ။

Lily's Cosmetics နှင့် Vikka Cosmetics တို့ပူးပေါင်းထုတ်လုပ်သည့် Lipstick မိတ်ဆက်ပွဲကြီးသို့ အနုပညာရှင်ပေါင်းများစွာလည်း ရောက်ရှိကြ၏ ။

"ယနေ့ ကြွရောက်လာကြသော ဧည့်ပရိတ်သတ် အပေါင်းတို့ကို Lily's Cosmetics ရဲ့ ဥက္ကဌ ဖြစ်တဲ့ ကျွန်မ တင်မမမောင် မှ အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားချင်ပါတယ် .."

ထို့နောက် တင်မမမောင် မှ Lipstick ၏ပါဝင်ပစ္စည်းများကို အသေးစိတ်ရှင်းပြပြီး လူတန်းစားမရွေး ဝယ်ယူနိုင်ကြောင်း ထုတ်ကုန်အသစ်၏ Promotion များကို ထပ်မံ၍ မိတ်ဆက်ပေးလေသည် ။

တင်မမမောင် နှင့်အတူ သစ္စာဆုပန်သန့် သည်လည်း ထိုပွဲသို့ အတူတူတက်ရောက်လေသည် ။ ဇနီးဖြစ်သူ တင်မမမောင် မှ ဩဇာအာဏာ ကြီးမားသော အငွေ့အသက်များဖြင့် မိန့်ခွန်းပြောနေသည်ကို မြင်တွေ့နေရသည့် ဆု အတွက်တော့ ပီတိဖြစ်ရသည် ။

"မာမီ က သိပ်တော်တာပဲ"

ဆု ၏ စကားသံကို တစ်ဖက်တွင် ရပ်နေသည့် စိုင်းလွှမ်းကတော့ အတိုင်းသားကြားနေရသည် ။ တင်မမမောင် မှ မိန့်ခွန်းတစ်ချို့ကို ပြောပြီး စင်ပေါ်မှပြန်ဆင်းလာသည် ။ တင်မမမောင် ခြေလှမ်းတွေဟာ စိုင်းလွှမ်း ကိုကျော်ပြီး ဆု ထံသို့ ဦးတည်လျှောက်လာသည် ။

ဆု အနားသို့ရောက်သည်နှင့် တင်မမမောင်သည် သူ၏ ပါးချိုင့်လေး နှစ်ဖက်ပေါ်အောင်ပြုံးပြလေသည် ။ ထို ပါးချိုင့်လေးနှစ်ဖက်ကို ဆု အတော်လေး သဘောကျခဲ့တာ မဟုတ်လား ။

"Congratulations ပါ မာမီ"

"Thank you babe"

စိုင်းလွှမ်း ထိုမြင်ကွင်းကို ဆက်၍ မကြည့်နိုင်ပါ ။ ဒီအနေအထားဟာ ဘာလဲ ။ သူ့ မျက်စိရှေ့မှာတင် ရန်ဖြစ်ခဲ့ကြသည့် ထိုနှစ်ယောက် ဟာ ပြေလည်သွားလေသလား ။

လွန်ခဲ့သောတစ်ပတ်ခန့်က ... ။

တင်မမမောင် နှင့် ဝတ်ရည် တို့၏ စကားကို ဆု ကြားပြီးနောက် ယိုင်ကျသွားသည် ။ တူဝရီး နှစ်ယောက်တဲ့လား ။ ဆု ကိုယ့်နားကိုပင် မယုံနိုင်လောက်အောင် ဖြစ်မိသည် ။ တူဝရီးနှစ်ယောက်ဆို ဘာဆက်ဖြစ်နိုင်သနည်း ။

Mommy Wife (Completed)Where stories live. Discover now