အတင်းအကန်ငြင်းနေတဲ့ကိုကို..ဘယ်ချိန်ထိများ ငြင်းနိုင်ဖုံးကွယ်နိုင်မာမို့လဲ..ဘယ်လိုပဲဖြစ်ဖြစ် ကိုကို့ကို ကျတော့အပိုင်ဖြစ်အောင်လုပ်မာ..

🌼🌼🌼

"ကု ဒီနေ့စောလှချည်လား.."
"ဟုတယ် ဒေါ်လေး..ဒါနဲ့ ကိုပိုရော ဘယ်မာလဲ..မတွေ့မိဘူး.."
"အိပ်တုန်း..."

ရီးစားရလို့ဘအပျော်လွန်ပြီး အိပ်ကောင်းနေတာထင်တယ်..
ဂျီမင်အိပ်တဲ့အခန်းထဲ ဝင်ပြီး စောင်ကိုလှန်ကာ သူပါဝင်ပြီး ဂျီမင့် ခါးကို ဖက်၍ အိပ်လိုက်သည်..

"Yarr..ကု ဘာလုပ်တာလဲ..."
"အိပ်နေတာလေ.."
"ဖယ်.."
"No.."
"ကု မေမေတွေ့သွားရင်မကောင်းဘူးနော်..."
"‌ဘာကို မကောင်းရမာလဲ ငယ်ငယ်ကတောင် အတူအိပ်ဖူးတာပဲ..."
"ခွေးလေ အ့ငယ်ငယ်က ငယ်ငယ်က ခနခနမပြောနဲ့ ခု အရွယ်ရောက်နေကြပြီလေ.."
"ကိုကို ကလဲ..."
"မင်းခလေးလား.."
"ကိုကို့အတွက်ခလေးပဲလေ.."
"ထတော့ကွာ..ကျောင်းနောက်ကျတော့မယ်..."
"အာဘွားပေး..."
"ကု.."
"အင်းပါ..ဒီတခါတော့ လွှတ်ပေးမယ်..နောက်တခါဆို အာမ မခံဘူး"
"မင်း...'

လူကို ပြောချင်ရာ ပြောပြီး ထားခဲ့တာ ဒီက စိတ်တိုလွယ်တယ်....အနီးနာရှိတဲ့ ခေါင်းအုံးနဲ့ ကောက်ပေါက်လိုက်တာ ကျောကုန်းမှန်သွားသော်လဲ အရေးတောင်မစိုက်ဘူး...

🌼🌼🌼

ဟိုဆော့တယောက် ဂျီမင်ကို စောင့်နေရင်း .....

"ဟိုဆော့ ဂျီမင် မလာသေးဘူးလား.."
"မသိဘူးလေ ဟျောင်း ကျတော်လဲ စောင့်နေတာတော့ နာရီဝက်လောက်ရှိပြီ.."
"အော်..."
"ဟော ဟိုမာ ပြောရင်းဆိုရင် လာပါပြီ..."

ဟိုဆော့ ယွန်ဂီအား ဂျီမင်တို့ကားလာနေတာကို လက်ညိုးထိုးပြနေစဉ်...သူ့ပုခုံးပေါ်သို့ လက်တဖက်ကျရောက်လာသည်..

"မင်း..."
"သေးသေးလေးရယ် ဒေါသလေးဘာလေးလျော့အုံး ..တော်ကြာ ပါးရေတေတွန့်ပြီး အိုစာသွားအုံးမယ်.."
"ဒီကောင်ကတော့....ဖယ်စမ်းငါ့ကို...
ဖယ်..အ့လက်တေဖယ်..."

သူ့ပုခုံပေါ်တင်နေတဲ့ ထယ်ယောင်းလက်တေကို အတင်းရိုက်ချလိုက်သည်...

"ကျစ် ဖက်နမ်းလိုက်ရလို့ ဘာမှတ်.."
"ခွေးစကား အရမ်းမပြောနဲ့..."

🌼မောင်လူဆိုး🌼Where stories live. Discover now