"မင်း...!"

"လော့အိမ်တော်ရဲ့ဆက်ခံသူနေရာရောက်ဖို့ ခင်ဗျားတို့အကူအညီလိုအပ်တယ်ထင်နေလား"

"မင်း ဘာပြောချင်တာလဲ"

"လော့အကြီးအကဲတွေက ခင်ဗျားတို့ကို ဘယ်တုန်းကမှ မျက်လုံးထဲထည့်ခဲ့တာမဟုတ်ဘူး၊အဘိုးကိုယ်တိုင်လည်း ခင်ဗျားရဲ့သားတွေကို မျက်လုံးထဲထည့်နေတာမဟုတ်ဘူး" လော့ကျန်းပေ့စကားက မှန်ကန်တာကြောင့် လော့ဖုက အတော်ကိုစိတ်တိုသွားတော့သည်၊ငယ်ငယ်က သူ့ကိုကြောက်လန့်တဲ့ကလေးက အခုတော့ သူ့ကိုပြန်ကိုက်ရန်ကြိုးစားနေပြီတဲ့လား၊

လော့ဖုက အံကြိတ်လိုက်ပြီးနောက်မှာ

"အရင်ကတော့ ဟုတ်တယ် ဒါပေမယ့် မတူတော့ဘူးလေ၊ မင်းရဲ့လုပ်ရပ်က ငါတို့လော့ကို သိက္ခာကျဆင်းစေတာကြောင့် အကြီးအကဲတွေက ငြိမ်ခံမယ်ထင်နေလား..." ပြောလိုက်ပေမယ့် တစ်ဖက်ကလော့ကျန်းပေ့ရဲ့ ရယ်သံသဲ့သဲ့ကိုသာကြားလိုက်ရသည်၊

"ဟားဟား"

"တစ်ခါတလေ ဦးလေးတို့ကို ကျေးဇူးတင်တယ် သိလား..."

လော့ဖုက လော့ကျန်းပေ့စကားကြောင့် နားမလည်ဟန်ဖြစ်သွားပြီး တစ်ဖက်ကသူရဲ့စကားကိုဆက်နားထောင်လိုက်သည်၊

"အဲတုန်းက ရှန်လေးကို ခင်​ဗျားတို့က လော့မျိုးရိုးထဲ ဝင်မှာကြောက်ပြီးတော့ လော့မိသားစုရဲ့အိမ်ထောင်စုမှတ်တမ်းထဲ မဝင်အောင် မရမကကြိုးစားခဲ့တယ်လေ...ရှင်းရှင်းပြောရရင် လော့ကျန်းပေ့မှာ လော့ရှန်ဟွာဆိုတဲ့သားတစ်ယောက်ဆိုတာ မရှိခဲ့ဘူး၊ သူ့မိခင်ရဲ့လော့ဆိုတာပဲရှိတယ်ဆိုတာ မေ့နေတာလား.."

လော့ကျန်းပေ့စကားကြောင့် လော့ဖုက တိတ်ဆိတ်သွားတော့သည်၊ကောလဟာလတွေ ဘယ်လောက်ပဲ ပြန့်နေပါစေ လော့ဖုတို့သာအမှန်တရားကိုသိခဲ့သည်၊

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက လော့ချင်းယောင်က လော့မုမုဆိုတဲ့မိန်းကလေးတစ်ယောက်ကို အိမ်တော်ကိုခေါ်ဆောင်လာခဲ့သည်၊ထိုမိန်းကလေးက လော့ချင်းယောင်ရဲ့လိင်တူချစ်သူဖြစ်နေပြီးတော့ လော့အိမ်တော်ကလူတွေက အတင်းအကြပ်တားဆီးခဲ့သည်၊နောက်တော့ လော့ဖုတို့က လော့မုမုကို ယောက်ျားတစ်ယောက်နဲ့အတူအိပ်စက်အောင် ဖိအားပေးခဲ့ပြီးနောက်မှာ လော့ရှန်ဟွာကို ကိုယ်ဝန်ရလာတော့သည်၊ လော့ချင်းယောင်က လော့အိမ်တော်ရဲ့ပြဿနာကြားညှပ်နေတဲ့ချစ်ရတဲ့အမျိုးသမီးလေးကို အဆုံးထိတာဝန်ယူပြီး ကလေးကိုပါစောင့်ရှောက်ဖို့လုပ်ခဲ့ပေမယ့် လော့မုမုက ကလေးမွေးပြီးချင်းချင်း ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Unde poveștirile trăiesc. Descoperă acum