Dark ( or ) မုဆိုးဖို

Comenzar desde el principio
                                    

" အေတစ်ပတ်အတွင်းငါပေးမယ်အခုနင့်ပါးစပ်ပိတ်ပြီးပြန်တော့ ရှုံးနေရတဲ့အထဲ လာပြီးပြောနေသေးတယ်..."

မဟာသည် Company သို့ရောက်သော်...
စျာန်သည်...မဟာ၏အနားကပ်ကာတိုးတိုးလေး
ပြောလေသည်

" Boss မနက်ဖြန် ပစ္စည်းခြင်းလဲဖို့ရှိတယ်..."

" ဘယ်မြို့မှာလဲ..."

"နယ်ကမကျော်ရပါဘူး...မြို့အစွန်နားလောက်မှာဘဲ..."

" ကောင်းပြီး ဘယ်အချိန်သွားရမှာလဲ..."

" သူတို့ဘက်ကတော့အချိန်မရွေးပါတဲ့..."

" Ok...မနက်ဖြန်ညနေပိုင်းလောက်ချိန်းထားလိုက်"

" ဟုတ်ကဲ့ Boss..."

စျာန်ထွက်သွားပြီး မဟာသည် ဘောပင်အားလှည့်ပြီးအတွေးတို့က...

" မနက်က မာမီနဲ့အတူရှိနေတဲ့လူက ဘယ်သူပါလိမ့်..."

တစ်ဖက်တွင်..ဒေါ်ဧကရီသည်...

" အစ်ကို နေရတာအဆင်ပြေလား..."

" ပြေပါတယ်ညီမလေးရယ်..."

" ယောင်းမက ဆုံးသွားတာ ဘယ်နှစ်နှစ်လောက်ရှိပြီးလဲ..."

" သုံးနှစ်လောက်ရှိရောပေါ့..."

" အစ်ကိုရယ်...အစ်ကို့ပုံလဲ ပြန်ကြည့်ပါဦး...
သုံးနှစ်မှာ အစ်ကို့ပုံက ပိန်ချုံးနေပြီး..."

" ညီမလေးရယ်...အစ်ကိုမှ သူမကိုမေ့မရသေး
တာ..."

" ဟူး...ဟုတ်ပါပြီး... အခုအစ်ကိုကဘယ်မှာနေနေတာလဲ..."

" အခုက ကြုံရင်ကြုံသလိုဘဲ..."

"ဒါဆို ညီမလေးအိမ်လာနေလေး..."

" မဟုတ်တာညီမလေးရယ်...ဒုက္ခများနေမယ်"

" ရပါတယ်...အစ်ကို ညီမလေးရဲ့အစ်ကိုပါဘဲ...
လိုက်ခဲ့ပါ..."

" အင်းပါ..."

လေပြေသည်...အိမ်တံမြတ်စည်းအားလှည်းနေလေသည်....

" သမီး...ကြီးကြွယ်ကို သွေးတိုးကျဆေးသွားဝယ်ပေးပါလား..."

" ဟုတ်ကြီးကြွယ်...ဒီတစ်ပြင်လှည်းပြီးရင်သမီး
သွားဝယ်ပေးမယ်နော..."

" အေးပါ..."

သူမ တံမြတ်စည်းလှည်း ပြီး ဒေါ်ကြွယ်အတွက်ဆေးသွားဝယ်ပေးလေသည်...

Dark ( or ) မုဆိုးဖို Donde viven las historias. Descúbrelo ahora