Dark ( or ) မုဆိုးဖို

Start from the beginning
                                    

" ကိုအောင်..."

" ဪထိပ်ထား...လာထိုင်လေး..."

" ကိုအောင်စောင့်နေတာကြာပြီးလား..."

" အင်းပေါ့...ထိပ်ထားက ကို့ကိုမချစ်တော့
ဒီအတိုင်းထိုင်စောင့်ရတာပေါ့..."

ထိပ်ထားသည်ပြုံးလိုက်ပြီး...

" ဘယ်သူက မချစ်ဘူးလို့ပြောလို့လဲ..."

" တကယ်နော...ဒါဆို ထိပ်ထားက ကို့ကိုချစ်
တယ်ပေါ့ဟုတ်လား..."

" အင်း..."

" အဲ့လိုကြီးမဖြေနဲ့ကွာနော...ပါးစပ်ကနေဖြေပေး"

" ချစ်တယ်...ချစ်တယ်ချစ်တယ် ရပြီးလား..."

" ဟာကွားအသည်းတွေယားလာပြီး...
ကဲပြော ဒီနေ့ဘယ်သွားမလဲ ချစ်လေး"

" ထားShopping ထွက်ချင်တယ်..."

" Ok ဖြစ်စေရမယ်..ကဲလာ..."

" တကယ်လိုက်ပို့ပေးမှာလား..."

" အင်းပေါ့...ချစ်လေး လိုချင်တာ ဒီကိုကိုက
အကုန်ဝယ်ပေးမယ်ကွာ..."

" ဟားတကယ်အလိုလိုက်တာလား...ဟီးးးဟီးးး
တကယ်ချစ်နေပြီးနော..."

" ဟုတ်ပါပြီးကွာ နေတောင်မြင့်
တော့မယ်...သွားရအောင်"

အောင်ဗလသည် ထိပ်ထားဦး လိုချင်တာမှန်သမျှအကုန်ဝယ်ပေးလေသည် သူ၏ရည်ရွယ်ချက်ကရိုးရှင်းပါသည်...
ထိပ်ထားဦး၏ အပျိုစင်ဘဝကို လိုချင်တာကြောင့်ဖြစ်သည်...နှစ်ယောက်သားအတူတူစျေးဝယ်လိုက်ဗိုက်ဖြည့်လိုက်နှင့်သာယာလို့နေသည်
တစ်ဖက်တွင် ဒေါ်မေခင်ဦး သည်...

" တောက်...ကုလားဖဲတက်ရင် ပြီးနေပြီးကို...
အခု တူး သရီး ဖိုက် တဲ့..."

" ဒေါ်မေခင်ဦး... ခင်များအကြွေးတွေကများနေပြီးနော..."

" ငါပြန်ပေးပါ့မယ်...အခုတော်မရှိသေးလို့ခဏလောက်တော့စောင်ဦး..."

" ခင်များတော်တော်များနေပြီးနော...ယူထားတဲ့အကြွေးတွေက ၁၀သိန်းရှိနေပြီးအခုထိမပေးသေးဘူး..."

" ဟဲ့ ပြန်ပေးရင်ပြီးရောမဟုတ်လား...ဘာတွေလေကြောလာရှည်နေတာလဲဟမ်း..."

" အချိန်တစ်ပတ်ဘဲ ပေးမယ်...မရရင် ခင်များအိမ်ကိုသိမ်းမယ်..."

Dark ( or ) မုဆိုးဖို Where stories live. Discover now