သူ၏လေသံက အများကြီး ပျော့ပျောင်းသွားသည်။

"မင်း ထပ်ပြီး ထွက်သွားရမယ် ဆိုရင်တောင်.. ကိုယ် သိချင်သေးတယ်"

နင်မုန့်က အနည်းငယ် ကြောင်သွားသည်။ သို့သော် သူ၏အကြည့်နှင့် ဆုံသောအခါ သူမ၏လေသံကလည်း အလိုလို ပျော့ပျောင်းသွားသည်။

"ငါ အခုတော့ တကယ်ကို ထွက်သွားလို့ မရသေးပါဘူး။ ဘယ်အချိန်ကများ ငါ ရောက်ရောက်လာချင်း ထွက်သွားတာကို မြင်ဖူးလို့လဲ"

ရှီချီ၏မျက်လုံးက အနည်းငယ် လှုပ်ရှားသွားသည်။ သို့သော် သူက ထွက်မသွားသေးချေ။ နင်မုန့်က ပါးစပ်ထပ်ဖွင့်ပြီး စကားပြောရန် ပြင်ဆင်လိုက်သည်။ သူမ၏ မျက်မှောင်ကလည်း ကြုတ်ထားသည်။ သို့သော် ဘာပြောရမည်မှန်း မသိတော့ချေ။ သူမက ရေချိုးခန်းထဲသို့ ပြန်ဝင်လိုက်ပြီး တံခါးကို အလွယ်တကူ ပိတ်လိုက်သည်။ ရှီချီက သူမကို မတားလာပေ။ သူက ဒီအတိုင်း လေးနက်သော အကြည့်ဖြင့်သာ တံခါးဝတွင် ရပ်နေသည်။

တစ်မိနစ်ပင် မကြာသော အချိန်တွင် ရေချိုးခန်းတံခါးက တစ်ဖန် ဆွဲဖွင့်ခံရပြန်သည်။

နင်မုန့်က ဖြူဖျော့သော မျက်နှာမျိုးဖြင့် သူ၏နားသို့ ဖြည်းညင်းစွာ လျှောက်သွားလေသည်။ သူမ၏ နှလုံးသားကလည်း အထိတ်တလန့် ဖြစ်နေသည်။ သူမက တစ်စုံတစ်ရာကို သတိရသွားမိပြီး အားနည်းသွားသလို ခံစားရကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

"နင်က ဓာတ်လှေကားကနေ တက်လာတာ ဆိုရင် ငါနင်နဲ့ မတွေ့ခင် နင့်အခန်းထဲကို ဝိုင်လာပို့ပေးတုန်းက ရေချိုးခန်းထဲမှာ ကြားရတဲ့အသံ ပိုင်ရှင်က ဘယ်သူလဲ"

သံသယဝင်ရန် မလိုလောက်အောင် သူမက ရှီချီနှင့် ဓာတ်လှေကားထဲမှာသာ ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်ကစပြီး သူမက အခန်းထဲတွင်သာ နေနေခဲ့ရသည်။

အကယ်၍ အခန်းထဲတွင် လူများ ရှိနေလျှင် ထွက်လာခဲ့သည်မှာ ကြာလောက်ချေပြီ။ ပို၍ ဆိုးသည်မှာ ရှီချီက အခြားသူများကို ဧည့်ခံပေးမည့် သူမျိုးလည်း မဟုတ်ချေ။ ထို့ကြောင့် သူ တစ်ယောက်တည်း နေမည်မှာ တစ်ရာရာခိုင်နှုန်း ဖြစ်နိုင်ခြေ ရှိလေသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now