ကဲမက်ခေါင်းဆောင်က ဝေါယာဉ်လိုက်ကာကို မပေးတော့ရှောင်းကျန့်ဝေါယာဉ်ပေါ်တတ်လိုက်တယ်။ ရိပေါ်ကတော့ နောက်ကနေခြေကျင်လိုက်ရတယ်။ ဘာဖြစ်ဖြစ် သူလိုက်ရတာနဲ့တင်ကျေနပ်နေပြီ။ ရှောင်းကျန့်က ပြတင်းပေါက်ကနေ နောက်ကခြေကျင်လိုက်နေရတဲ့ရိပေါ်ကိုကြည့်ရင်း ငိုချမိတယ်။
"ရပ်တော့....ရပ် ငါနားချင်တယ်။"
ရှောင်းကျန့်အဲ့လိုပြောတော့ ဝေါယာဉ်ကရပ်သွားပြီး ရဲမက်ခေါင်းဆောင်က ရောက်လာတယ်။
"သခင်လေးခနခန အဲ့လိုလုပ်နေမယ်ဆို ကျွန်တော်တို့ခရီးနှောင့်နှေးလိမ့်မယ်။မိုးချုပ်ရင် အန္တရာယ်ပိုများလာလိမ့်မယ်။"
"မင်းကမြင်းပေါ်ကလူဆိုတော့ပြောအားရှိတာပေါ့ ခြေကျင်လျှောက်ရတဲ့ရဲမက်တွေကိုကြမင်းမငဲ့ဘူး။"
"သူတို့ကလေ့ကျင့်ပြီးသားတွေ သခင်လေးမပူပါနဲ့။"
"ဒါဆို ငါ့လူကရော။ငါ့လူက မလေ့ကျင့်ထားဘူး။"
အဲ့ဒီအခါရိပေါ်က ပြတင်းပေါက်လေးကနေကြည့်လာပြီး
"သခင်လေးရဲ့ဝေါယာဉ်ကိုထမ်းသွားရတဲ့သူတွေထက်စာရင် ကျွန်တော်အများကြီးသက်သာပါတယ်။ ပြီးတော့ကျွန်တော်လေ့ကျင့်ထားပါတယ်။"
နောက်ဆုံးတော့ရှောင်းကျန့်လက်လျှော့ပြီးငြိမ်ငြိမ်လေးလိုက်လာလိုက်တယ်။ဝေါယာဉ်တစ်လှုပ်လှုပ်မှာ တစ်ချက်လောက်ငိုက်မြည်းသွားပြီးနောက်
"သခင်လေး ရောက်ပါပြီ..."
ရှောင်းကျန့်ရုတ်တရက်လန့်နိုးသွားပြီးနောက် ဝေါယာဉ်ထဲကထွက်လိုက်တယ်။သူခေါင်းကိုမမော့ဘူး။ ဒါပေမယ့်ပတ်ဝန်းကျင်ကတိတ်ဆိတ်နေပြီး ငြိမ်သက်နေတာကြောင့်ခေါင်းကိုမော့လိုက်တယ်။
"ပါး...."
"သားလေး..."
"ပါး..."
ရှောင်းကျန့်သူ့အဖေကိုပြေးဖက်လိုက်တယ်။ ပြီးတော့အရမ်းကိုလည်းအံ့အားသင့်တယ်။ ဘယ်လိုတြွေဖစ်နေခဲ့တာလဲ။
"ပါး သေသွားပြီလို့ထင်နေတာ။"
"ဒါဏ်ရာအပြင်းထန်ရသွားတယ်။ အဲ့တာကြောင့်ဘယ်ဖက်လက်တစ်ဖက်လှုပ်ရတာမကောင်းတော့ဘူး။ နန်းကျမင်းသား နန်းတွင်းထဲဝင်လာလို့ ငမူးဘုရင်က သားကိုဖမ်းပြီးပြေးခဲ့တာ။ အချိန်မှီလိုက်ပေမယ့် သူ့အလောင်းပဲရှိပြီး သားကိုမတွေ့ခဲ့ဘူး။"
![](https://img.wattpad.com/cover/360801432-288-k995980.jpg)
Part-15
Start from the beginning