Part 26 ( U + Z )

16.4K 840 112
                                    

Unicode

"တို့ မင်းကို ကွာရှင်းပေးမယ် သစ္စာဆုပန်သန့်"

တင်မမမောင် ၏ နှုတ်ဖျားမှ ကွာရှင်းမည် ဆိုသော စကားကြောင့် စွန့်အမိသလို ပြောစရာစကားလုံးမရှိတော့ပေ ။ ဆု လိုချင်သည်မှာ ဒါမျိုးမဟုတ်ပါ ။

"မင်း ကျေနပ်မယ်လို့ တို့ ထင်ပါတယ်"

သွေးစက် တည်ငြိမ်စွာ ပြောလာသည့် စကားလုံး ။ အေးစိမ့် နေသော အဲကွန်းလေအေးဟာ ယနေ့မှာတော့ ပိုအေးသလိုရှိလှ၏ ။ ကွာရှင်းမည် ဆိုသည့် စကားပြောအပြီး တင်မမမောင် အခန်းထဲမှ ထွက်သွားလေသည် ။

ဆု လိုချင်နေသည့် ကွာရှင်းစာချုပ် ကို တင်မမမောင် က ကြည်ကြည်ဖြူဖြူ ပေးတော့မည် ။ ဒါဟာ ပျော်စရာတစ်ခု မဟုတ်ပေလား ။ သို့သော် ဆု စိတ်ထဲဝမ်းနည်းသလိုတော့ ဖြစ်မိသည် ။

ကုတင်ပေါ်သို့ ထိုင်ချလိုက်ပြီး ငိုနေမိသည် ။ အခန်းတွင်း ငိုနေသည့် ဆု ၏ မျက်ရည်တွေကိုတော့ တင်မမမောင် တွေ့နိုင်မည်မဟုတ် ။

~~
တစ်ချိန်က မနက်စာ စားပွဲဝိုင်းတွင် ဆု ၏အသံနှင့် တင်မမမောင် အသံတို့မှာ အိပ်တန်းထကြသည့် ကျေးဌက်ကတွေတောင် အရှုံးပေးခဲ့ရသည် ။ ယခုတော့ နှစ်ဦးသား တိတ်ဆိတ်နေကြသည် ။

အိမ်ရှိအလုပ်သမား များမှာလည်း ငြိမ်သက်လျှက်ရှိကြသည် ။

"တို့ အခန်းခွဲနေဖို့ ပြင်ထားတယ်"

" .... "

"တို့ မင်းကို ကွာရှင်းပေးမှာပါ စိတ်မပူပါနဲ့ "

"ဟက်! ကျွန်မနဲ့ ကွာရှင်းပြီး ဟိုလူနဲ့ တရားဝင် လက်ထပ်တော့မှာလား သိပ်ကိုမမြန်လွန်းဘူးလား ဒေါ်တင်မမမောင်"

တင်မမမောင် ဟာ တည်ငြိမ်လျှက်ရှိသည် ။ ရှေ့တွင် ရှိသော ကော်ဖီ ခွက်ကိုသာ ဇိမ်ခံသောက်နေသည် ။

"မင်း ထင်ချင်သလို ထင်နိုင်တယ် တို့ ရှင်းပြဖို့ကြိုးစားတိုင်း မင်း လက်မခံခဲ့ဘူးမဟုတ်လား အဲ့ဒီတော့ ရှင်းမပြချင်တော့ဘူး ဒီနေ့ကစပြီး တို့ မင်းကို ကျောင်းလိုက်မပို့တော့ဘူး မင်း သူငယ်ချင်း သတိုးစည်သူ လိုက်ပို့မယ်မဟုတ်လား"

Mommy Wife (Completed)Where stories live. Discover now