"တက်..."
"ငါ့ခြေထောက်နဲ့ ငါသွားမယ်..."
"နမ်းလိုက်တာလေးကို ဘာတေများ အ့လောက်ထိဖြစ်သွားရတာလဲ..."
"ငါ့ရီးစားတောင်မရသေးဘူး မင်းကလာနမ်းတာကို..ခေွးကောင်ရဲ့..."
"ငယ်ငယ်ကလဲ နမ်းခဲ့တာပဲ.."
"ငယ်ငယ်ကနဲ့ ခုမတူတော့ဘူးလေ..နှယောက်လုံးက အရွယ်ရောက်ပြီးသားတေ...မင်းလဲ အချိန်တန်ရင် မင်းချစ်ရသူကို နမ်းမာပဲ ချစ်မာပဲ..ငါလဲ ငါချစ်ရတဲ့သူဆီက First kiss ရချင်တယ်လေ..ခုကညမင်းယူသွားတာလေ..အရှုပ်ကောင်ရဲ့.."
"ကျတော်ရှုပ်တာမှန်တယ်..ဒါပေမဲ့ ကျတော်ချစ်တာ ကိုကို့ကိုပဲ..တယောက်တည်းပဲ..
အင်း..အ့လိုပဲ..ကိုကိုလဲ ကျတော်တယောက်တည်းပဲ ရှိရမယ်...ကျတော့်ကိုပဲချစ်ရမယ်..ကိုကိုက ကျတော့အပိုင်.."
"ရူးနေလိုက် တကိုယ်ကောင်းသမား...ငါက ရိးစားထား..မာ...ပဲ..."
"ကိုကိုရီးစားထားလို့မရဘူး ...အေး..ထားကြည့် အ့ကောင် နောက်နေ့မမြင်စေရဘူး..."
"ခွေးကောင်..."
"တော်တော် အဆဲတတ်နေတာ..အနမ်းနဲ့ အပိတ်ခံချင်ပြီလား...
တက်..မြန်မြန်တက်တော့...."

ဆက်ပြောရင် သူတကယ်အနမ်းခံရတော့မာ...သိတယ်...
ဘာမှပြန်မပြောဘဲ ကားပေါ်သို့ တက်လိုက်သည်...

.......

"ဂျီမင်..."
"အော်...နမ်းဂျွန်ဟျောင်း...ဘာလို့လဲ..."
"အာ....."
"ဘာလဲ...ဂျင်ဟျောင်းကို စာပေးခိုင်မလို့လား...noနော် ဟိုးတနေ့က သူများကို လစ်ပြီးပြေးသွားတာ မကျေနပ်ဘူး..."
"မဟုတ်ပါဘူး..ဟျောင်းပြောမာက ဟျောင်းတို့ကိစ္စ မဟုတ်ဘူး..."
"ဟမ်..."
"အင်း...ဂျီမင့်ကို ယွန်ဂီက တွေ့ချင်လို့တဲ့...."
"ခုလား..."
"ခုဆို အဆင်ပြေလား..."
"အင်း..အခုက အတန်းချိန်နီးနေပြီ..ခနနေ အတန်းပြီးရင် လာတွေ့မယ်လို့ ပြောလိုက်..."
"အင်း..."

အချိန်တေက ရင်ခုန်စိတ်လှုပ်ရှားနေလို့လားမသိဘူး ကြာလိုက်တာ...

"ဂျီမင် ဘာလို့ ဖင်တကြွကြွဖြစ်နေတာလဲ..."
"ဟီး....'
"ပြောစမ်း..တခုခုတော့ တခုခုပဲ..."
"ငါတောင် မသိရသေးလို့ပေါ့.."
"ဘာလဲ..."

အနားကပ်ကာ စိတ်ဝင်တစာ မေးလိုက်တဲ့ အဟုပ်...သူဖြစ်သွားတဲ့ပုံစံက တကယ်ကို ရီစရာ။

"ယွန်ဂီဟျောင်းကလေ..."
"အေး..ပြီးတော့..."
"ပြီးတော့လေ..ငါ့ကို...ဟီး.."
"ချစ်တယ်ပြောပြောပြီလား.."
"မပြောသေးပါဘူး..ငါ့ကို တွေ့ချင်လို့တဲ့..."
"ဟုလား...ချိန်းတွေ့တော့မယ်ပေါ့..ဘာတေများပြောမလိုပါလိမ့်.."
"ဟိတ်..တိတ်တော့..."
"ရင်ခုန်နေလား.."
"အင်း...."

🌼မောင်လူဆိုး🌼Onde histórias criam vida. Descubra agora