"ဒီနေ့ လူတွေ အများကြီးပဲ"

ရွှယ်ဟောင်ယွီက လက်မှတ်ဝယ်ရန် တန်းစီနေကြသော လူများကို ကြည့်ကာ ပြုံးရင်း တလေးတစား ပြောလိုက်သည်။

"ဟား ဟား လူတိုင်းကလည်း ဉာဏ်ရည်မြင့် တိရစ္ဆာန်တွေကို စိတ်ဝင်စားကြတယ်လေ။ ပန်းခြံက လာရောက်လည်ပတ်သူ အရေအတွက်ကို ကန့်သတ်ထားရတယ်။ သတင်းထောက်ရွှယ် ကျေးဇူးပြုပြီး အရင်ဝင်ပါ"

ချင်တလန်က ရယ်ပြီး ဘေးဘက်သို့ ဆုတ်ခွာပြီးနောက် သတင်းထောက်များအား ဝင်စေသည်။

"အဖေ ကြည့်ပါဦး ဒါက ဘယ်လိုတိရစ္ဆာန်လဲ"
"ဒါက သမီးရဲ့ လက်ချောင်းတွေကို ယက်လိုက်သလိုပဲ မား။ ကြည့်ပါဦး လက်ချောင်းတွေကို ယက်လိုက်တယ်"

"ချစ်ဖို့ကောင်းလိုက်တာ။ ဒါက အဲ့ဒီသစ်သားတုံးလို ဟာတွေနဲ့ လုံးဝမတူဘူး။ ထိတွေ့တောင် ရနိုင်လောက်တယ်"

"ခေါင်းကို ထိလို့ရလား"

အသစ် လတ်လတ်ဆတ်ဆတ် ဆောက်ပြီးကာစ သားရဲဥယာဉ်အတွင်းသို့ ဝင်ရောက်လာသော မိဘတစ်ဖွဲ့က သတ္တုခြံစည်းရိုးနား အရှေ့တွင် ရောက်ရှိနေကြသည်။ သူတို့၏ ကလေးများကိုလည်း အတွင်းရှိ ဉာဏ်ရည်မြင့် နှင်းဝံပုလွေများကို စနှောက်ခိုင်းလေသည်။

"အိုး"

နှင်းဝံပုလွေက ခေါင်းကိုမော့ပြီး အကြိမ်အနည်းငယ် ဟိန်းသည်။ ထိုအခြေအနေက လူတိုင်းကို တအံ့တဩအော်မိစေသည်။

ရွှယ်ဟောင်ယွီကလည်း လက်ဆန့်တန်းကာ နှင်းဝံပုလွေ၏ ကိုယ်ကို ထိရန် ကြိုးစားသည့် ကလေးကို ကြည့်လိုက်ပြီးနောက် ကင်မရာကို တိုက်ရိုက်ချိန်ကာ ထိုမြင်ကွင်းကို ဖမ်းယူသည်။

"ဝိုး"

ရုတ်တရက် မျက်နှာချင်းဆိုင် အခြမ်းတွင် ရှိသော သေးငယ်သော လှောင်အိမ်အရှေ့မှ တအံ့တဩ အော်သံကို ကြားလိုက်ရပြန်သည်။

"ဟား ဟား ဒါက ကွန်ချာမြွေလေ တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်"

ချင်တလန်က ပြုံးရင်း သတင်းထောက်ကို လှမ်းခေါ်သည်။

"ဒီနေ့ အသစ်လတ်လတ်ဆတ်ဆတ် ရောက်ခါစ တိရစ္ဆာန်တိုင်းကို မိတ်ဆက်ပေးရမယ့် ကာလပဲ။ ဒီလိုနဲ့ မနက်ဖြန်မှာ လာရောက်ကြည့်ရှုတဲ့သူတွေ ပိုများသွားလိမ့်မယ်"

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Opowieści tętniące życiem. Odkryj je teraz