"ဒီမယ်အမိ မင်းကိုငါအရှင်ဆုံးပြောမယ်
မင်းလူကိုမင်းနိုင်အောင်ထိန်း ငါဘက်က Lion ကိုမြှူဆွယ်ထားတာတစ်စက်မှမရှိဘူး
မင်းလူကသာငါ့ကိုအသည်းအသန်ဖြစ်နေတာ"

"အဟက်! ရှင်ဘယ်သူ့ကိုလာလိမ်နေတာလဲ!
ဘာမှဆွဲဆောင်မှုမရှိတဲ့ရှင့်လိုလူကိုကိုကိုကကြိုက်မတဲ့လား"

"ငါ့မှာဘာဆွဲဆောင်မှုရှိတဲ့မင်းလူကိုမေးကြည့်လိုက်လေ"

အနိုင်ပိုင်းပြီးတာနဲ့နောင်ရိုးဆတ်ကနဲလှည့်ထွက်လိုက်သည်
စောစောစီးစီးတကယ့်အကုသိုလ်...

"တောက်! "

အနိုင်ပိုင်းခံလိုက်ရတာကြောင့် အိန်ဂျယ်မှာဆွေ့ဆွေ့ခုန်တော့မည်
စောက်ခြောက်ကများစကားကြီးစကားကျယ်တွေပြောနေတယ်

"မင်းကိုတစ်ခုသတိရဦးမယ်
ကိုယ့်အပိုင်မဟုတ်တဲ့လူကိုအတင်လောဘတက်မနေနဲ့
နောက်ဆုံးထိခိုက်တဲ့လူကမင်းပဲဖြစ်လိမ့်မယ်"

ရမ်သူမကိုသဘောမကျပေမဲ့ သတိပေးသင့်တာကိုသတိပေးထားရလိမ့်မည်
သူသတိပေးတာလက်ခံပြီးပိုဆိုးတာတွေလုပ်မလာဖို့မျှော်လင့်သည်

_______________

Lion မဖြစ်မနေကိစ္စမို့သာလာရသည်
စိတ်တွေကတော့နေမကောင်းသည့်ဘေဘီထံမှာသာကျန်ရစ်ခဲ့သည်

"ဟေ့ Mr.Lion အလှလေးတွေနဲ့ပျော်ဦးမလား..."

လိုရင်းကိုမရောက်နိုင်ပဲကောင်မလေးတွေဘက်တစ်ယောက်နှင်ပျော်ပါးနေသည့်တစ်ဖက်လူကို
Lion စိတ်မရှည်တော့ပေ...

"အလုပ်ကိစ္စအရင်ဆွေးနွေးသင့်တယ်မထင်ဘူးလား..."

သူ့အလေးအနက်အမူအယာကိုမြင်မှ တစ်ဖက်လူကကိုယ်ရှိန်သတ်ပြီး
ခပ်တည်တည်ပြန်ထိုင်လိုက်သည်
နောကြေနေသည့်မိန်းကလေးတွေကလည်းအလိုက်တသိထွက်သွားပေးကြသည်

"Mr.Lion ကို ကျုပ်ကအလုပ်ကမ်းလှမ်းချင်လို့..."

Lion  မျက်ခုံးပင့်လိုက်သည်
ပြောတော့လက်နက်အရောင်းအဝယ်ကိစ္စဆို ...
သူ့စိတ်ထဲကအကြောင်းအရာတွေကို Lion ထုတ်မပြောသေးပဲတစ်ဖက်လူထပ်ပြောလာမဲ့စကားတွေကို
နားစိုက်ထောင်လိုက်သည်

Mr.LionWhere stories live. Discover now