"ဘာလဲ ။ဘာတွေစီစဥ်မလို့လဲ။ကျွန်တော်လက်မခံဘူးနော်"

"ဥ​ီးကတော့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ဆောင်သွားရမှာပါ။"

"ဟား ကျွန်တော်ကဘယ်လိုယုံရမလဲ။အတုအယောင်တွေဆိုရင်ကော ကျွန်တော်တရားဆွဲလို့ရတယ်နော်။"

"တရားဆွဲမယ်ဆို တရားရုံးထိတက်ဖို့ဝန်မလေးပါဘူး။ဦးတို့ ကအစစ်အမှန်တွေမို့ပါ"

"နေယံမောင် ရှင်အရှုံးကိုလက်ခံလိုက်ပါတော့"

"မင်းစောက်ပါးစပ်ပိတ်ထားဆည်းဆာပျို!!
မင်းငါ့အကြောင်းကောင်းကောင်းသိစေရမယ်"

"ရှင့်အကြောင်းသိစေချင်ရင်တော့ထောင်ထဲမှာ
ဘဲ​ြပတော့နေယံမောင်ရေ.."

နေယံမောင်အရိပ်အမြွတ်နားလည်ကာထပြေးမည်ကြွသော်လဲ သက်ဆိုင်ရာတာဝန်ရှိ လူကြီးတွေမှ သူ့ကိုဝိုင်းထားချေပြီ။

"ဘာလဲ။ဘာလို့ ကျုပ်ကိုဝိုင်းထားတာလဲ။ကျုပ်ဘာအပြစ်မှမလုပ်ထားဘူးနော်"

"အပြစ်မလုပ်တဲ့သူက ဘာလို့ထပြေးဖို့ကြံတာလဲ"

"မောင်နေယံမောင်မှ ဦးမောင်တို့လင်မယားအား
သေကြောင်းကြံကာသတ်ဖြတ်မှုနဲ့တင် ထောင်နန်းစံလို့ရပါပြီ"

"ခဗျား!!"

"ကျွန်တော်တို့နဲ့ စခန်းကိုလိုက်ခဲ့ပေးကြပါ"

နေယံမောင်အမှုအတွက် အားလုံးစီစဥ်ပြီး တော့
သူ ထောင်ဒဏ်အနှစ်သုံးဆယ်ကျခံခဲ့သည်။
သူ့ဘက်ကအကောင်းဆုံးရှေ့နေတွေငှားခဲ့သော်လည်းသက်သေအထောက်အထားခိုင်မာတာကြောင့်ရှောင်လွှဲလို့မရခဲ့ပေ။

......
ခုသော်တာမောင်ဟာ သူ့မိဘတွေရဲ့စီးပွားရေး နေယံမောင်ဦးစိးနေတဲ့လုပ်ငန်းမှန်သမျှကိုလွှဲယူဦးစီးလုပ်ကိုင်နေရပြီ။

ဆည်းဆာပျိုသည်လဲ သူမအလုပ်နှင့်သူမ..။

သော်တာမောင်နဲ့ ဆည်းဆာပျိုဟာ နေယံမောင်အမှုပြီးသည်နှင့်ထပ်မတွေ့ဖြစ်ခဲ့တော့။

အမရာမှိိုင်းသည်လဲ ထိုနေ့ကမွန်းလေးနဲ့နောက်ဆုံးတွေ့ပြီးတည်းကထပ်မတွေ့ရတော့။

Pity Love🔞Where stories live. Discover now