Part 24 ( U + Z )

12.9K 690 77
                                    

Unicode

ဆု မရှိတော့သည့် အခန်းကြီးထဲတွင် တင်မမမောင် တစ်ဦးတည်း အမှောင်ကြီးထဲတွင် ထိုင်နေလေသည် ။ ထို ကလေးငယ်လေးကို ဘယ်လောက်ထိ ချစ်သလည်း တင်မမမောင် ကိုယ်တိုင်အသိဆုံးဖြစ်သည် ။

ဆု ပြောသွားသည့် မုန်းသည် ဆိုသည့် စကားကိုသာ အထပ်ထပ် အခါခါပြန်ကြားယောင်နေမိသည် ။ လသားအရွယ်လေးထဲက ချစ်ခဲ့ရသည့် ထို ကလေးငယ်လေး ။ မုန်းတယ် တဲ့လား ။

တစ်ခါမှ မျက်ရည်မကျဖူးသည့် တင်မမမောင် ဟာ အမှောင်အခန်းကြီးထဲတွင် တစ်ဦးတည်း ငိုနေလေသည် ။ ပွင့်ပွင့်လင်းလင်း မရှိခဲ့သည့် သူ့ကိုယ်သူလည်း စိတ်ဆိုးမိသည် ။

"တို့ မကွာရှင်းပေးဘူး ဟင့်အင်း .. ကွာရှင်းဖို့ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"

စီးကျလာသည့် မျက်ရည်စများကို လက်ဖြင့် ခပ်ကြမ်းကြမ်း သုတ်လိုက်သည် ။ မနက်ရောက်သည်နှင့် ဆု ထံသို့သွားကာ စိတ်ပြေအောင်ချော့မည်ဟု ဆုံးဖြတ်လိုက်လေသည် ။

~~
"ဘာ!!! ကွာရှင်းမယ်! ဟုတ်လား!!"

ဆု ထံမှ စကားသံမကြား ခေါင်းကိုသာ အသွင်သွင် ညှိမ့်လေသည် ။ မြတ်နိုး နှင့် နန္ဒာ ကတော့တစ်ယောက်မျက်နှာတစ်ယောက် ကြည့်၍ အတော်လေး အံ့ဩနေကြသည် ။

"ကွာရှင်းဖို့အထိက လိုလို့လား မိဆုရယ် တစ်ယောက်နဲ့တစ်ယောက် အရင်ညှိနှိုင်းကြည့်ပါဦး ကွာရှင်းတာလွယ်တဲ့အလုပ်မဟုတ်ဘူးနော်"

"အေးလေ ပြီးတော့ နင်လည်း ဒေါ်တင်မမမောင် ကိုချစ်တယ်မဟုတ်လား ကွာရှင်းဖို့တော့ စဉ်းစားပါဦးဟယ်"

"ဘယ်သူမှားတယ် ဘယ်သူမှန်လဲ ဆိုတာ ငါတို့မပြောဘူး ဒါပေမယ့် သေချာတာတစ်ခုကတော့ နှစ်ယောက်လုံးမှားတယ် တစ်ယောက်ကလည်း ပွင့်ပွင့်လင်းလင်းမရှိသလို နင်လည်းပဲ ပွင့်လင်းမှုမရှိဘူး နင်က ဇနီးတစ်ယောက်ပဲ နင့်မှာ မေးရမယ့်တာဝန်ရှိတယ် နင်းလည်းမှားတယ် သူလည်းမှားတယ် ကွာရှင်းဖို့ကို စဉ်းစားပါ မိဆု ငါတို့ ဒါပဲပြောနိုင်မယ်"

"ငါကတော့ မကွာရှင်းစေချင်ဘူး နင်တို့နှစ်ယောက် ကွာရှင်းလိုက်တာနဲ့ အနားမှာဝဲနေတဲ့ ခွေးတွေက မိတ်လိုက်ဖို့ကပ်လာကြမှာ"

Mommy Wife (Completed)Where stories live. Discover now