"စကားက ရိုးသားမှုကို မရှိဘူး"

နင်မုန့်ကလည်း သူ၏နှာခေါင်းရှုံ့သော အနေအထားကြောင့် ကြောက်လန့်သွားရပြီး ရုတ်တရက် သူမ၏ လက်နှစ်ဖက်ကို‌ ရှေ့သို့ တွန်းလိုက်သည်။ သူမက ရှီချီကို အောက်သို့ တွန်းလဲချပြီး အိပ်ရာထဲမှ ထွက်လာဖို့ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် အချိန်အတန်ကြာ တွန်းပြီးသည့်တိုင်အောင် ရှီချီကို ရွေ့အောင်တောင် မလုပ်နိုင်ကြောင်း သိလိုက်ရသည်။

ရှက်စရာပဲ။

သူမက ခြောက်ကပ်စွာ ရယ်လိုက်ပြီးနောက် နောက်ကို လျှို့ဝှက်စွာ ပြန်ရုတ်လိုက်သည်။

ရှီချီ၏ လည်ဇလုတ်က လှုပ်ရှားသွားပြီး မျက်လုံးကလည်း တဖြည်းဖြည်း အောက်သို့ ရွေ့သွားကာ ဒူးပေါ် တည်တည်ငြိမ်ငြိမ် တင်ထားသော လက်ကို စိုက်ကြည့်လာသည်။

အာ.. ပါးလျသော ရှပ်က ခြားနေသည့်တိုင် ယခုလေးတင် သူမက ထိုလက်ဝါးဖြင့် သူ၏လက်ကို လာထိတွေ့လာသည့် ခံစားချက်မျိုးကို ရနေခဲ့သည်။ ထိုခံစားချက်က အလွန်ထူးခြားပြီး သူ့ကို သဘာဝအလျောက် မျက်မှောင်ကြုတ်မိသွားစေခဲ့သည်။ အစိမ်းရောင် မျက်ဝန်းထဲတွင် ဖုံးကွယ်ထားသော ခံစားချက်များကို ခန့်မှန်းရ ခက်ခဲလှသည်။

နင်မုန့်ကလည်း မသက်မသာ ဖြစ်လာသည်။ သူမက ယခုလက်ရှိတွင် ကြိုးချည်ခံထားရပြီး ယားလျှင်ပင် ကုပ်၍ မရချေ။ ထိုအချက်က သူမကို အသတ်နိုင်ဆုံး ဖြစ်နေသည်။

သူမက ဂရုတစိုက် အနီးကပ် ကြည့်လိုက်သောအခါ ကြိုးကြောင့် ဖြစ်နေသော အစင်းရာက အလွန်နက်ကြောင်း သိလိုက်ရသည်။

ရှီချီက ရုတ်တရက် သူမ၏လက်ကို ဖမ်းကိုင်လာသည်။ သူ၏ကြီးမားသော လက်က သူမ၏လက်ကို အသာအယာ ဖုံးအုပ်နိုင်သည်။ ကြိုးနီ၏ အထုံးလေးက သူ၏လက်ချောင်းထိပ်တွင် ဖြစ်သည်။

သူ၏မျက်ဝန်းထဲရှိ အကြည့်က လေးနက်သွားပြီး သူက အခြားလက်တစ်ဖက်ဖြင့် သူမ၏မေးစေ့ကို မော့စေကာ စိုက်ကြည့်လျက် နူးညံ့ညင်သာစွာ ပြောလာသည်။

"မင်းသာ စကားနားထောင်ရင် ကိုယ်က လွှတ်ပေးမယ်"

သူက စကားလုံးတစ်လုံးချင်းစီတိုင်းကို တဖြည်းဖြည်းချင်း ပြောနေခြင်းဖြစ်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now