ဒီအထပ်တွင်လည်း အခန်းများများစားစားမရှိချေ။ တစ်ဖက်အခြမ်းတွင် နံပါတ်များကိုသာ တပ်ထားသည်။ လေထုကလည်း အလွန်တိတ်ဆိတ်လွန်းနေခဲ့သည်။ အစမှအဆုံးထိ မည်သူ့ကိုမှ မမြင်ရချေ။

ထိုအမျိုးသမီးက သူမကို မကျေနပ်သောကြောင့် ဖြစ်လောက်သည်။ သို့မဟုတ် ဒီနေရာတွင် စောင့်ကြည့်စရာ သို့မဟုတ် တစ်စုံတစ်ရာ ရှိနေသောကြောင့် ဖြစ်လောက်သည်။ တစ်ဖက်က သူမကို နောက်မှ ရပ်ကြည့်နေကြောင်းကို ခံစားမိနေသည်။

သူမက နောက်လှည့်လာကြောင်း မြင်သောအခါ သက်လတ်ပိုင်းအမျိုးသမီး၏ မျက်လုံးများက မှေးကျဉ်းသွားပြန်သည်။

သူမက ခပ်မြန်မြန် နောက်လှည့်လိုက်ပြီးနောက် စိုးရိမ်တကြီး ဖြစ်သွားသည်။ တစ်ဖက်သူက သူမကို ထိုမျှ ပြင်းပြင်းပြပြ စိုက်ကြည့်နေလေရာ သူမ သတ္တိရှိသည်ဆိုလျှင်ပင် ထွက်မပြေးရဲတော့ချေ။

သူမက မျက်ဝန်း‌ထောင့်မှ အခန်းနံပါတ်များကို ကြည့်နေပြီး ဖြတ်လျှောက်နေလိုက်သည်။ သိပ်မကြာခင်အချိန်တွင် အခန်းနံပါတ် (၂၅၀၄)က ပေါ်လာသည်။

နင်မုန့်က အသက်ပြင်းပြင်းရှူပြီး တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။

မည်သူကမှ အချိန်အတန်ကြာထိ တံခါးဖွင့်မလာခဲ့ချေ။ ထို့ကြောင့် သူမက ကြိမ်ဖန်များစွာ ထပ်ခေါက်နေပြီး သတိပေးလိုက်သည်။

"ဟယ်လို မှာထားတဲ့ ဝိုင်နီရောက်လာပါပြီ"

သို့တိုင်အောင် မည်သူကမှ မတုန့်ပြန်လာခဲ့ချေ။

နင်မုန့်က ဗန်းကိုင်ထားရင်းမှ တံခါးခေါက်သံက တိုးလွန်းသလောဟု တွေးမိသွားပြီး အားနည်းနည်းစိုက်ထုတ်လိုက်သည်။ အဆုံးတွင် တံခါးက အလိုလိုပွင့်သွားသည်။

အခန်းက အလွန်ကြီးပြီး အလွန်ခမ်းနားသည်။ ဟိုတယ်က ဇိမ်ခံဟိုတယ်ဖြစ်နေသည်။

နင်မုန့်က အတွင်းရှိပြင်ဆင်မှုများကို ကြည့်ပြီးနောက် သူမ၏မျက်လုံးများက ကျွတ်ထွက်မတတ်ဖြစ်သွားသည်။ ဒီဟိုတယ်ကပင် စံအိမ်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။ သူမက အော်လိုက်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now