Part 23 ( U + Z )

13K 762 75
                                    

Unicode

ဆု ကုတင်ပေါ်တွင်လှဲနေသည်မှာ အတော်ကြာလှသည် ။ဘေးရှိ စားပွဲပေါ်တွင် တင်ထားသည့် ဖုန်းလေးမှာ message ဝင်လာသည် ။ ဖုန်းအားလှမ်းယူကာ ဖွင့်ကြည့်လိုက်ရာ တင်မမမောင်ထံမှ message တစ်စောင်ဖြစ်နေသည် ။

*JJ Bar မှာတို့ရှိနေတယ် ပြစရာရှိတာကြောင့် အခုထွက်လာပေးပါ လိပ်စာ ####*

တင်မမမောင် ပေးပို့သည့် လိပ်စာအတိုင်း ဆု Taxi ဖြင့်ထွက်လာလေသည် ။ မီးရောင်စုံများအကြား တင်မမမောင် ကိုရှာနေမိသည် ။

ကျောပြင်လေးအား တွေ့လိုက်ရာ တင်မမမောင် ဖြစ်နိုင်သည်ဟု ယူဆပြီး ဆု ၏ ခြေလှမ်းတွေသည် ထိုနေရာသို့ ဦးတည်သွားရာမှ ရုတ်တရက် ရပ်တန့်သွားလေသည် ။

အမျိုးသားတစ်ယောက်၏ ရင်ခွင်ထဲဝယ် မျက်နှာအပ်လျှက် အမူးလွန်နေသည့် ဆု ၏ ဇနီး ။ ထိုအမျိုးသား ။ ဓာတ်ပုံထဲက အမျိုးသား ။ ခိုးရာလိုက်ပြေးဖူးသည့် အမျိုးသား ။

စိုင်းလွှမ်း ၏ ရင်ခွင်ထဲဝယ် တင်မမမောင် ဟာ မျက်လုံးပင်မဖွင့်နိုင် ။ စိုင်းလွှမ်း ဟာ ခါးသိမ်သိမ်လေးကို ပွေ့ဖက်ထားပြီး တင်မမမောင် ၏ လက်တစ်ဖက်သည် စိုင်းလွှမ်း ပုခုံးပေါ်သို့ရောက်နေပြီး ကျန်တစ်ဖက်သည် ကျောပြင်ကို ဖက်ထားသည် ။

ထိုအခါ မထင်မှတ်ထားသည့် စိုင်းလွှမ်း ၏ နမ်းရှိုက်မှု နဲ့ မရုန်းကန်သော တင်မမမောင် ၏ အပြူအမူ ။ သဘောကျသည်လား ။ ထိုလူ အနမ်းကို နှစ်သက်သည်လား ။ ကိုယ့် မျက်စိရှေ့တွင် မြင်ရသည့် မြင်ကွင်းကို လက်မခံနိုင်ပေ ။

ဆု ကို နမ်းခဲ့ဖူးသည့် နှုတ်ခမ်းသားတွေကို ထို အမျိုးသား နမ်းရှိုက်နေသည် ။ ထိတွေ့နေသည် ။ အောင့်တက်လာသော ဘယ်ဘတ်ရင်ဘတ်ကို နောက်တစ်ကြိမ် ဖိကိုင်လိုက်၏ ။

လူသတ်လက်နက်ပေလား မပြောတတ် ။ သို့သော် ထိုမြင်ကွင်းကတော့ သေစေနိုင်သည် ။ ထို မြင်ကွင်းကို မမြင်ရက်တော့သည့် ဆု အတွက် ထိုနေရာမှ ထွက်ခွါရန် လုံလောက်သည် ။

"ရက်စက်လိုက်တာ .."

ပြန်လာရာ လမ်းတစ်လျှောက် Taxi ပေါ်တွင် အသံတိတ်ငိုနေမိသည် ။ ချစ်တယ် ဆိုတာ တစ်ကယ်လား ။ လိမ်ညာခဲ့လေ သလား ။ ထိုသူနှင့် ဖြစ်ရပ်ကို ဖုံးကွယ်ချင်လို့ လက်ထပ်ခဲ့လေ သလား ။ လားပေါင်းများစွာဖြင့် ဆု တစ်ယောက် အမှောင်ကမ္ဘာထဲ ရောက်သွားလေသည် ။

Mommy Wife (Completed)Where stories live. Discover now