" ကျန့်ကျန့်ကို "

ရိပေါ်အဖြေကိုသဘောကျသွားတဲ့ရှောင်းကျန့်ကမျက်နှာလွဲပြီးပါးစပ်ကိုလက်အုပ်ပြီးတိုးတိုးလေးရယ်လိုက်မိတော့ ရိပေါ်ကကျန့်ကျန့်လက်ကလေးဆွဲယူပြီး လက်ကလေးကိုနှုတ်ခမ်းလေးဖြင့်မွခနဲအသံထွက်အောင်ငုပ်ကာနမ်းလာတော့ ရှောင်းကျန့်ပိုပြီးကျေနပ်ရသလိုလို၊ရင်တွေလည်းခုန်လာသလိုလိုပါပဲ။

" ဓာတ်ပုံရိုက်မယ် 1 2 3 !! "

ရိပေါ်ကကလေးလေးကိုချီထားပြီးကျန်လက်တစ်ဖက်ကဖုန်း​ကိုမြောက်ကိုင်ကာ ဓာတ်ပုံစရိုက်တော့သည်။

" ကိုကိုမင်းကိုချစ်တယ်နော် ကျန့်ကျန့်။အခုတော့ကိုကိုတို့ရဲ့ပေါက်စလေးတစ်ကောင်ထွက်လာပြီးပေါက်စလေးကိုအတူတူအကောင်းဆုံးပြုစုစောင့်ရှောက်ကြရအောင်နော် "

" အွန်း ကိုကို "

" ကိုကို့ကိုချစ်လားဟင် ? "

" ချစ်တယ်အများကြီးပဲ "

ကျန့်ကျန့်ကပြောပြီးသူ့ပါးကိုဖြတ်ခနဲနမ်းလာတော့ ရိပေါ်ကကျန့်ကျန့်လက်ကိုပြန်ဆွဲကာ ကျန့်ကျန့်နှုတ်ခမ်းလေးကိုနူးညံ့စွာဖြင့်အနမ်းပေးလိုက်တော့ကျန့်ကျန့်ကလည်းပြန်လည်နူးညံ့စွာတုံ့ပြန်လာတယ်။နမ်းရာကနေလွှတ်ပေးပြီး ကျန့်ကျန့်ကိုပြောလိုက်တယ်။

" မျက်လုံးမှိတ် "

မျက်လုံးမမှိတ်ချင်လည်းကိုကိုသဘောအတိုင်းမျက်လုံးမှိတ်ပေးလိုက်သည်။ခဏအကြာကိုကိုကပြန်ပြောလာတယ်။

" မျက်လုံးဖွင့်ရပြီ "

ကိုကိုပြောသလိုမျက်လုံးမှိတ်ထားရာကနေဖြေးဖြေးချင်းဖွင့်လိုက်တော့ နေကြာပန်းစည်းလေး။

ကိုကိုပြောသလိုမျက်လုံးမှိတ်ထားရာကနေဖြေးဖြေးချင်းဖွင့်လိုက်တော့ နေကြာပန်းစည်းလေး။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
You've reached the end of published parts.

⏰ Last updated: May 10 ⏰

Add this story to your Library to get notified about new parts!

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now