Beomgyu သိမ်းစရာရှိတာသိမ်းပြီးရုံးခန်းထဲဝင်လာတော့ အခန်းထဲမှာ ဂနာမငြိမ် ဟိုလျှောက်ဒီလျှောက်လုပ်နေသည့်Seok Jinကိုတွေ့လိုက်ရသည်။
"Boss..အဲဒါဘာလုပ်နေတာလဲ"
"အော..အတော်ပဲဂယူ.. ခုညနေပိုင်းငါ့အတွက်အရေးကြီးတဲ့scheduleရှိသေးလား"
Beomgyuက Mac Bookကိုတစ်ချက်ကြည့်လိုက်ပြီး...
"ညနေပိုင်းတော့ သိပ်မရှိပါဘူး..
ဒါပေမယ့် 5နာရီမှာ ***ကုမ္ပဏီရဲ့ညစာစားပွဲကိုတက်ရောက်ဖို့အတွက်တော့ရှိပါတယ်"
"ထားလိုက်... အဲဒါကသိပ်အရေးမကြီးဘူး
အခုဘယ်အချိန်ရှိပြီလဲ"
"အခုက အင်း...ညနေ4:30နာရီပါBoss"
"ဟုတ်ပြီ..အခုငါအိမ်ကိုခဏပြန်ပြီး အဝတ်အစားလှဲပြီးရင် မင်းငါ့ကိုClubလိုက်ပို့"
ထိုစကားကြောင့် Beomgyuမျက်လုံးတွေပြူးသွားပြီး ခေါင်းကိုအဆက်မပြတ်ခါရမ်းကာ အလန့်တကြားငြင်းဆန်တော့သည်။
"ဟာ..မဖြစ်ဘူးလေBoss..
Bossအမျိုးသားသာသိရင် ပြဿနာတက်လိမ့်မယ်"
"အာ..တကယ်ပဲ...စိတ်တိုင်းကိုမကျဘူး"
ချက်ချင်းပင် Seok Jinမျက်နှာလေးကမှုန်ကုပ်ကုပ်လေးဖြစ်သွားသည်။
လက်ထပ်ပြီးကာမှ JungKookက သူ့ကိုClubတွေ Barတွေကိုမသွားခိုင်းတော့ပဲ အရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်လာတာကြောင့် နည်းနည်းလေးမှဘဝင်မကျ။
တစ်ခါတစ်ခါကျ လက်ထပ်လိုက်တာကိုပင် နောင်တရလာသည်။
ချုပ်ခြယ်တယ်လို့ပြောရအောင်ကလည်း အဲ့လိုမဟုတ်ပြန်။
တစ်ခါတစ်လေ သူ Night outထွက်ချင်လာ၍ အရက်တို့၊ဝိုင်တို့သောက်ချင်တယ်လို့ အကြောင်းပြတတ်လေ့ရှိသည်။
ထို့ကြောင့် JungKookကအကုန်လုံးလိုလေသေးမရှိ အဆင်သင့်ဝယ်ပေးထားပြီး ဘယ်ကိုမှမသွားစေပဲ အိမ်မှာသာသောက်စေ၏။
ဘယ်သွားသွား ဘာလုပ်လုပ် သူ့ကိုတစ်ယောက်ထဲကိုမသွားစေပဲ ကိုယ်တိုင်ကိုယ်ကျလိုက်ပို့ရင်ပို့ မအားရင်တောင်မှ Beomgyuကိုတော့ရအောင်ထည့်ပေးတတ်သည်။
အထွန့်တက်မိလိုက်ရင် စိတ်မချလို့ပါ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ အင်း..ထားလိုက်။ ပြောပြန်ရင်ကလည်း ငါလေးရဲ့အလွန်ပဲဖြစ်ပြန်အုံးမယ်။
YOU ARE READING
Why Don't WE?✔
Fantasy#Part-1 က Wattpad errorကြောင့် ကျန်တဲ့အပိုင်းတွေကြားထဲရောက်နေတာမို့ Part-1 ကိုအရင်ရှာဖတ်ကြပါနော်။
Part-43
Start from the beginning
