Dark ( or ) မုဆိုးဖို

Start from the beginning
                                    

" မဟုတ်တာ...သမီးအလုပ်မရှိရင်မနေတက်ဘူး
  လေး..."

" ဒါဆို ကြီးကြွယ်ကို စျေးသွားဝယ်ပေးပါလား
ကြီးကြွယ်စာရေးပေးသွားမယ်..."

" ဟုတ်ကဲ့..."

မဟာသည်...Company အရှေ့ရောက်သော် သတင်းတောက်များက စောင့်၍ကြိုနေသည်...

" ဦးနေဝန်းမဟာ...ရေနံစက်ရုံမီးရှို့ခံရတယ်ဆို
အတွင်းလူထဲကလားဗျ..."

"အတိအကျတော့မသိသေးပေမဲ့...ကျနော်တို့စုံစမ်းနေဆဲပါ...တိတိကျကျသိပြီးရင် ဥပဒေအတိုင်းဆောင်ရွက်သွားမှာပါ..."

"လတ်တစ်လော ဘာလုပ်ဖို့ရှိလဲရှင့်..."

" ရေနံစက်ရုံကြောင့်ဒေသခံတွေလဲထိခိုက်ဒဏ်ရာရနေတာမို့...ကျနော့်ဘက်က ပြန်ပြီး
သူတို့ကို စားနပ်ရိက္ခာတွေရယ်...ဆေးဖိုးဝါးခတွေကိုလျှူတန်းသွားဖို့ရှိပါတယ်..."

" ဟုတ်ကဲ့ရှင်...အချစ်ရေးကရော..."

" အချစ်ရေးက...ဘယ်လိုပြောရမလဲ...
တိတိကျကျမသိရသေးပေမဲ့...ရင်ခုန်နေတဲ့
ကောင်မလေးတစ်ယောက်တော့ရှိနေပြီး..."

" Wow....ဒါဆို မုဆိုးဖို ဘဝကြီးကနေRs ဘဝကို
ကူးပြောင်းတော့မယ်ပေါ့..."

" Rs ဆိုတာထက် Marry ဘဝကပိုသေချာနေပြီး"

" ဒါဆို အချစ်သစ်ကို ရှာတွေ့နေပြီးပေါ့..."

" သိပ်တော့မသေချာသေးပေမဲ့...80%လောက်ပေါ့..."

ဖြေကြားပြီး မဟာ ရုံးခန်းထဲ ပြန်ဝင်လာခဲ့သည်...

" မင်းသူ စုံစမ်းခိုင်းတာရပြီးလား..."

" ဟုတ်ကဲ့ Boss...Boss ရဲ့ မိတ်ဆွေထဲကလဲ
မဟုတ်ဘူး...ဒါပေမဲ့ Boss ရဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့သားက လုပ်သွားခဲ့တယ်...."

" ဘယ်သူလဲ..."

" ဦးကျော်မင်းရဲ့သား ကျော်ဝဏ္ဏ တဲ့...ဒါက စက်ရုံရှေ့ Cctv အတည်ပြုချက်ဘဲ...Boss..."

" အဟက်...ငါနဲ့ဘာရန်ညိုးရန်စမှမရှိဘဲ လုပ်လိုက်တယ်ပေါ့..."

" သေချာတာတော့ Boss အိမ်က လေပြေဆိုတဲ့
ကောင်မလေးကြောင့်ထင်တယ်..."

" ဘာဆိုင်လို့လဲ..."

" Boss ရဲ့တင်းကြပ်မှုကို ကောင်မလေးအပေါ်
မထားစေချင်လို့နေမယ်...ဖြစ်နိုင်ချေက
ကောင်မလေးအပေါ့ မေတ္တာသက်ဝင်နေလို့နေမယ်..."

Dark ( or ) မုဆိုးဖို Where stories live. Discover now