Dark ( or ) မုဆိုးဖို

Start from the beginning
                                    

" ရတယ်လေး...မင်းပိုင်ချင်တယ်မလား...
ရတယ်...ငါက မင်းကို ညတိုင်း ရုတ်ကြိုး
ပျက်အောင် လုပ်ပစ်မှာ..."

" 🙂🙂ကျမကြောက်မယ်ထင်မနေနဲ့...
တစ်ခါ အစားခံပြီးရင်နောက်ထပ်အစားခံဖြစ်
ဖို့ ကျမ ဝန်မလေးဘူး...ရှင့်လို လူက ကျမလိုအပျိုစင်ကိုအညွှန့်ချိုးတာ အချစ်ဆိုတာဘာမှန်း
တောင်မသိသေးဘူး...ကျမဘဝတစ်ခုလုံးကိုငွေနဲ့ကိုင်ပေါက်ပြီးနင်းချေတဲ့ရှင့်ကိုမုန်းတယ်..."

မဟာ သည် လေပြေ၏နှုတ်မှမုန်းသည့်စကားကိုကြားသော် ရင်မှာဆူးနစ်သွားလေသည်...
လေပြေအနားလာပြီးလေပြေ၏ပုခုံးကိုစုကိုင်ကာ...

" မင်းကြိုက်သလို ပြောဆိုနိုင်တယ်...ဆဲခွင့်ရှိတယ်...ဒါမဲ့မင်းငါ့ကိုမုန်းပိုင်ခွင့်မရှိဘူး...မင်းဘဝတစ်ခုလုံးငါ့အပိုင်...မင်းနားလည်လား..."

" အပိုင်ဟုတ်လား...ရွံတယ်ရှင့်လိုလူက ဘယ်မိန်းမတွေနဲ့ဘယ်နှစ်ကြိမ်အိပ်လောက်အိပ်ပြီးတာတောင် ကျမကိုအပိုင်တဲ့လား...ရယ်ရတယ်
နော...မုန်းနေဦးမှာဘဲ...အရမ်းမုန်းတယ်..."

အဆက်မပြတ်ထွက်လာသောသူမနှုတ်မှမုန်းသည်ကိုမဟာ ခံနိုင်ရည်မရှိသောကြောင့်
မဟာသည် သူမ၏နှုတ်ခမ်းသာလေးကို ဖိကပ်နမ်းရှိုက်ပစ်လိုက်သည်...လေပြေရုန်းသော်လဲအရာမဝင်...

" နောက်ခါမုန်းတယ်ပြောကြည့် ဒီထက်ဆိုးမှာ"

လေပြေသည် မဲ့ပြုံးလေးပြုံးကာ...

" ဘာလဲ ရှင် ကျမကို ချစ်နေတာလား...
🙂🙂"

" ငါမင်းကို မချစ်ဘူးဒါပေမဲ့မင်းကငါ့အပိုင်ဘဲ...
ပြီးတော့ နေ့လယ်ငါအိပ်ပြန်လာမယ်...မင်း
ထမင်းဟင်းချက်ထားပေး...မင်းသိလား...
မင်းနှုတ်ခမ်းလေးကငါ့ကိုဆွဲဆောင်လွန်းတယ်"

မဟာသည် သူမလေးကို နှူးညံ့စွာပြောပြီး
ထွက်သွားသည် လေပြေသည် ပန်းပွင့်ကို ဆုတ်ကိုင်ပြီး...

" လူယုတ်မာ...အဟွန်း...ငါကသန်မာနေပြီး..."

လေပြေသည်ခပ်ရဲ့ရဲ့လေးပြုံးကာအိမ်ထဲပြန်ဝင်
သွားလေသည်...

" ကြီးကြွယ်...လေပြေဘာကူရမလဲ..."

" သခင်လေးက မှာခဲ့တယ်...သမီးကိုဘာမှမခိုင်း
ပါနဲ့တဲ့... "

Dark ( or ) မုဆိုးဖို Where stories live. Discover now