" အကိုပြောစရာရှိတယ် အဲ့တော့အကိုနဲ့လိုက်ခဲ့ ကျန့်ကျန့် "

" အာ ဟုတ်ကဲ့အကို "

နေကြာပန်းခင်းထဲရောက်တော့အကိုကကျန့်ကျန့်ကိုကျောပေးမတ်တပ်ရပ်နေရာကနေကျန့်ကျန့်ဘက်ပြန်လှည့်ကြည့်လာတယ်။ထို့နောက်အကိုကလက်ညိုးထိုးကာ စကားစပြောလာသည်။

" နားထောင်နော် ကျန့်ကျန့်ကိုအကိုချစ်တယ်။ အရင်ကတော့ကျန့်ကျန့်ကိုညီလေးတစ်ယောက်လိုချစ်ခဲ့တာ။အခုတော့အကိုကကျန့်ကျန့်ကိုကောင်လေးတစ်ယောက်လိုချစ်တာ။ကိုယ့်ကိုချစ်ပါတယ်ဆိုတဲ့ကျန့်ကျန့်ဆီကအဖြေကိုမျှော်လင့်ရင်းစောင့်ဆိုင်းခဲ့တယ်။ဒါပေမယ့်အကိုတစ်ယောက်လိုသဘောထားပါတယ်ဆိုတဲ့အဖြေကိုကြားရခြင်း အကိုအရမ်းလည်းဝမ်းနည်းသလို၊ကျန့်ကျန့်အပေါ်ဒေါသအရမ်းထွက်မိတယ်။ဒေါသထွက်တာကကျန့်ကျန့်ကအကို့ညီဝမ်ရိချန်းကိုချစ်ရဲ့သားဖွင့်မပြောပဲအကို့ကိုပဲချစ်တာလိုလိုဘာလိုလိုဟန်ဆောင်နေခဲ့တာကို စိတ်ဆိုးတာ "

" အကိုအထင်မှားနေပြီ ကျန့်ကျန့်အကိုရိချန်းကိုမချစ်ဘူး "

" အဲ့ဆိုကိုကို့ကိုပြော ကိုကို့ကိုချစ်လား မချစ်ဘူးလား ? "

ချစ်တယ်ဆိုတဲ့စကားကိုပြောလိုက်ချင်ပေမယ့်လည်းအကို့နဲ့လက်ထပ်မယ့်သူကိုအန်တီစုယွဲ့ယွဲ့ကစီစဉ်ထားတယ်ဆိုတော့အန်တီစုယွဲ့ယွဲ့ရောကျန့်ကျန့်ကြောင့်စိတ်ဆင်းရဲမှာကိုမလိုလားဘူးရယ်။အန်တီစုယွဲ့ယွဲ့ကိုကတိပေးထားတာဖြစ်တဲ့အတွက်ကြောင့် လိမ်ပြောလိုက်သည်။

" ဟင့်အင်း ကျန့်ကျန့်ကငယ်သေးတယ်အကို၊ပြီးတော့ကျန့်ကျန့်တို့ကမဖြစ်နိုင်ဘူး "

အကိုဝမ်ကစိတ်ပျက်စွာဖြင့်အော်ပြောသည်။

" ဘာလို့မဖြစ်နိုင်ရမှာလဲ ကျန့်ကျန့်လည်းအကို့ကိုချစ်တယ်လေ "

" ဟင့်အင်း မချစ်ဘူး "

" ဒါဆိုပြီးတာပဲ မင်းပေးထားတဲ့လက်စွပ်ကိုပြန်ယူသွားတော့ ! "

ကျန့်ကျန့်အရင်ကအကို့ကိုပေးထားတဲ့လက်စွပ်လေးကိုအကိုကချွတ်ပြီးကျန့်ကျန့်လက်ထဲလက်စွပ်ထည့်ပေးပြီးကျန့်ကျန့်ကိုကျောခိုင်းပြီးထွက်သွားတော့နေကြာပန်းခင်းထဲကြီးမှာကျန့်ကျန့်ပဲငိုရစ်ကျန်ခဲ့မိတယ်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Where stories live. Discover now