Dark ( or ) မုဆိုးဖို

Start from the beginning
                                    

" နင်က အိမ်အစေဘဲလေး..."

" အဟက်...ဟုတ်ပါတယ် လေပြေက ဒီအိမ်က
အိမ်အစေ ဒီအိမ်ကအလုပ်ဘဲလုပ်မယ်...လက်ပံ
အလုပ်ကိုတော့ မလုပ်ပေးနိုင်ဘူး...အစေခံ
အချင်းချင်း လာမကြောပါနဲ့..."

" ကောင်မ လူပါးဝလို့... "

လက်ပံသည်လေပြေကို ရိုက်ရန်ရွယ်နေချိန်လေပြေသည်လက်ပံလက်အားဆွဲယူကာ

" လက်ပံ လေပြသည်းခံတယ်ဆိုတာအတိုင်း
အတာဘဲရှိတယ်နော...ဒါကြောင့်ကိုယ်ထိလက်
ရောက်မစော်ကားရင်ကောင်းမယ်..."

" နင်...နင်ငါ့ကိုပြန်ပြောနေတာလား...နင့်ကို
သခင်လေးနဲ့တိုင်မယ်..."

"ပြန်ပြောနေတာမဟုတ်ဘူး...ပြောပြနေတာ...
လူလူချင်းဘဲ ကိုယ်ချင်းစာတရားစိတ်ထားမှ
ပေါ့ လက်ပံရယ်...သခင်လေးနဲ့တိုင်မလား
ရတယ် တိုင်လိုက်...လေပြေကအရင်ကလို
ကြောက်တော့မှာတော့မဟုတ်ဘူး...လက်ပံနား
လည်ထားပေး..."

လေပြေ၏မျက်လုံးတို့က လက်ပံကို ဝါးစားမတက်ကြည့်နေသည်...အပြုံးတို့က ခပ်ရဲ့ရဲ့ကလေးဖြစ်သည်...လေပြေ ရေပိုက်အား ပစ်ချကာ တစ်ခြားအလုပ်သွား၍ လုပ်လေသည်...
လက်ပံသည်...ဒေါသထွက်ကာ

" ကောင်မ နင်တွေ့မယ်...နင့်ကိုသခင်လေး
ရိုက်အောင်ကိုလုပ်ရမယ်...ကောင်မနင်စောင့်
ကြည့်နေလိုက်..."

မဟာနေ့လယ် ထမင်းစားချိန်...

" မင်းသူ...ငါအပြင်ခဏသွားဦးမယ်...
ငါလုပ်ခိုင်းထားတာ အပြီးလုပ်ထား..."

" ဟုတ်ကဲ့..."

မဟာသည် ကားမောင်းကာ မိန်းကလေး
အထည်ဆိုင်သို့ဝင်လာသည်...
ဆိုင်ဝန်ထမ်းများက တစ်တွတ်တွတ်နှင့်...

" ဟဲ့ အဲ့ဘဲ ကြီးကအရေလည်လန်းတယ်နော..."

" ဟုတ်ပါ့ဟယ်..."

မဟာသည်ပြုံးပြလိုက်သည်...

" အစ်ကို ဘာရှာသလဲရှင့်လိုတာပြောပါ..."

" အင်း...ကောင်မလေးတစ်ယောက်ကို
အင်္ကျီဝယ်ပေးမလို့ပါ..."

" Girl Friendလား"

" 😊😊အဲ့လိုဘဲ ပြောရမှာပေါ့...."

" ဘာလိုချင်လို့လဲ အစ်ကိုက..."

Dark ( or ) မုဆိုးဖို Where stories live. Discover now