"သူများကိစ္စနေရာ တကာဝင်မပါနဲ့။ မင်းဝင်လာလို့မင်းအပြောခံရတာ။ နောက်တစ်ခါငါ့ဇနီးကို အဲ့လိုမပြောမိစေနဲ့။"
ရွယ်ရွယ်ဟာ ငိုမဲ့မဲ့လေးနဲ့ပြေးထွက်သွားတယ်။ စိတ်တိုနေတဲ့ ရိပေါ်မျက်နှာကို ရှောင်းကျန့်ပထမဆုံးမြင်ဖူးတာပဲ။
ယာထဲဆင်းတဲ့အချိန်ရောက်တော့ ထုံးစံအတိုင်း ရှောင်းကျန့်က ထမင်းထုတ်ခြင်းကြီး ဘေးချပြီး အပင်ကြီးအောက်မှာထိုင်နေတယ်။ ကလေးတွေကသူရှိတော့ နေရာပြောင်းသွားကြတယ်။ ရှောင်းကျန့်အတွက်အဲ့တာပိုတောင်ကောင်းသေးတယ်။
အလုပ်လုပ်နေတဲ့ရိပေါ်ကိုသူသေချာလေးကြည့်နေတယ်။ ရိပေါ်က သူ့ကိုပြုံးပြတယ်။ သေချာလေးကြည့်တော့ ရိပေါ်ကတော်တော်ကြည့်ကောင်းတဲ့ထဲမှာပါတယ်။ အရင်လိုအဝတ်စားစုတ်စုတ်တွေ မဝတ်ရတော့ပဲ သူ့အဖေလုပ်သူက ကောင်းကောင်းလေးဆင်တယ်။ အရမ်းခမ်းနားတာမျိုးတော့မဟုတ်ပေမယ့် အရင်ထက်စာရင်အများကြီးကြည့်လို့ကောင်းတယ်။
"ရိပေါ်။"
ရှောင်းကျန့်လှမ်းခေါ်တော့ ရိပေါ်ကပြေးလာတယ်။
"သခင်လေးဘာဖြစ်လို့လဲ။"
"ထမင်းမစားသေးဘူးလား။"
"အစောကြီးရှိသေးတယ်။သခင်လေးရဲ့။"
"အာ....ဟုတ်လား။ ငါနေလို့သိပ်မကောင်းလို့ပြန်နှင့်မယ်။"
"အဆင်ပြေရဲ့လားသခင်လေး "။
"ရတယ်။"
ရှောင်းကျန့်အိမ်ပြန်လာပြီးကွေးနေလိုက်တယ်။ သူနေလို့မကောင်းဘူး။ မနေ့ညကိုပြန်စဉ်းစားလိုက်တိုင်း အရမ်းစိတ်လှုပ်ရှားတယ်။ ရိပေါ်သူ့အနားကိုရောက်လာရင် အရင်လိုမပေါ့ပါးတော့ပဲ ရှက်သလိုမျိုးကြီးခံစားရတယ်။
Part-10 warning ⚠️
Start from the beginning