"ငါ့ကိုမလေးစားတာလား။ လူမထင်တာလား။"

"မဟုတ်ဘူး။ သခင်‌လေးအပြစ်ပေးတာကို ကျွန်တော်ခံမယ်။ သေဆိုလည်း သေမယ်။ ကျွန်တော် မျိုသိပ်ထားရတာမခံစားနိုင်လို့ "

"ဟုတ်လား။ မင်းကတော့ရင်ထဲပေါ့သွားပြီပေါ့။ ငါကရော။ ငါကြတော့ ငါ့ကိုသဘောကျနေတဲ့ ယောက်ျားတစ်ယောက်နဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ။ မင်းတွေးလား။"

ရိပေါ်ပြောစရာစကားပျောက်ရှနေတယ်။ သူအမှားတွေပဲဆက်တိုက်လုပ်မိနေတယ်။ ရှောင်းကျန့်က အိပ်ယာကိုနှစ်ယာက်အိပ်ပြင်လိုက်တယ်။

"အိပ်"

"သ သခင်လေး။"

"မင်းကိုငါအိပ်လို့ ပြောတယ်။ အိပ်တာမအိပ်တာ မင်းအပိုင်း။"

ရှောင်းကျန့်က တစ်ဖက်ကိုလှည့်ပြီး အိပ်သွားတယ်။ ရိပေါ်လည်း မဝံ့မရဲဘေးမှာဝင်အိပ်လိုက်တယ်။ ပြီးတော့သခင်လေးရဲ့ကျောပြင်ကိုအကြာကြီးငေးကြည့်ရင်း သူ့ရဲ့ဖြာကျနေတဲ့ဆံနွယ်အဖျားလေးတွေကို တို့ထိလိုက်တယ်။ ရှောင်းကျန့်က မလှုပ်တာမို့ နည်းနည်းလေးပိုကိုင်လိုက်တော့ ဆက်ကနဲလှည့်လာတဲ့သူကြောင့် ရိပေါ်လန့်သွားတယ်။

"ငါ့ဆံပင်တွေကို လာမ‌ဆော့နဲ့ လက်ယားရင် ကိုယ့်ဟာကိုယ်ကိုင်ထား။"

အဲ့လိုပြောပြီး ပြန်လှည့်သွားတယ်။ သခင်လေးစကားဆိုမြေဝယ်မကျနားထောင်တဲ့သူက သူ့ဟာကိုသူကိုင်ပြီးအိပ်လေရဲ့။

___________

မိဘတို့ဝတ္တရားအတိုင်း ဝမ်ပါးက မင်္ဂလာါခမ်းနား စီစဉ်ပေးတယ်။ အရမ်းခမ်းနားတာမျိုးမဟုတ်ပေမယ့် ပုံမှန်ထက်တောက်ပတဲ့ အနီရောင် ဝတ်စုံနှစ်ထည် နဲ့အနီရောင် အပြင်ဆင်တွေ။ ရွာသားတွေရှေ့မှာ မိုးမြေကန်တော့ပြီး မင်္ဂလာသေရည်သောက်ကာ သစ္စာစကားဆိုရမယ်ဆိုတော့ ရိပေါ်စိတ်လှုပ်ရှားတယ်။ ရှောင်းကျန့်ကို ခုထိမမြင်ရသေးသလို။ ရှောင်းကျန့်လည်း သူ့ကိုမမြင်ရသေးဘူး။ အရင်ကပုံစံနဲ့ ရိပေါ်ကအရမ်းကိုကွဲထွက်နေတယ်။ စုတ်စုတ်ပြတ်ပြတ်အမြဲဝတ်နေတာကြောင့် အသစ်လေးတစ်ခါဝတ်လိုက်တဲ့အခါမှာ တော်တော်လေးကြည့်ကောင်းနေတယ်။ လက်ထပ်တော့မယ့် သတို့သားမှန်းသိရက် အမျိုးသမီးတွေဟန်မဆောင်နိုင်ဖြစ်နေတယ်။ ရိပေါ်က ရှောင်းကျန့်လာတာကိုစောင့် နေတော့သူ့နားကအမျိုးသမီးတွေကို သူအာရုံမရဘူး။ သူတို့ကရွာထဲက ဘုံကျောင်းတစ်ခုမှာ အသိသက်သေတိုင်တည် လက်ထပ်မှာဖြစ်တယ်။ မကြာခင်တော့ရှောင်းကျန့်ကဝတ်စုံအနီလေးနဲ့ထွက်လာတယ်။ မျက်နှာမှာ ပုဝါပါးလေးအုပ်ထားပေမယ့် သူ့မျက်နှာလှလှလေးကိုရိပေါ်ခပ်ရေးရေးမြင်ရတယ်။

My Adorer ( Completed )Onde histórias criam vida. Descubra agora