" အကိုဝမ် တကယ်ပါပဲနော် ! ကျန့်ကျန့် မနေ တက်ဘူး ~~~~ "

" ကိုကိုလိုက်ပို့မယ် "

ကျန့်ကျန့်လက်ကလေးကိုဆွဲပြီးတိုက်ခန်းကိုလမ်းလျှောက်ပြန်လိုက်ပို့ပေးသောအကို့ကိုအနောက်ကနေမသိသာခိုးကြည့်ရင်းပြုံးလိုက်မိတယ်။

" ဟိတ် ! "

အကိုဝမ်ကရုတ်ခနဲအနောက်ကိုလှည့်ကြည့်လာတော့ကျန့်ကျန့်လည်းပြုံးနေရာကနေမျက်နှာခပ်တည်တည်ထားကာ ဟန်ဆောင်နေလိုက်တော့ အကိုကသိတယ်နော်ဆိုပြီးအထာဖြင့်ပြုံးပြုံးကြည့်လာသည်။

________________________

" ဖေးမင်စစ်နဲ့ချူးမိန့်ကတောင်ရည်းစားတွေဖြစ်သွားကြပြီဆိုတော့ ငါပဲကျန်တော့တာကွာ ! "

ဟာ ဒီကောင်ရှန်းချိုးကွာ၊ကိုယ်ဟာကိုမှစောက်လုပ်တွေရှုပ်နေပါတယ်ဆိုမှဘေးကနေထိုင်ပြီးမိန်းမမရသေးကြောင်းရင်ဖွင့်နေတဲ့ရှန်းချိုးကြောင့် ပိုပြီးစိတ်ပျက်လာရတယ်။အောက်ထပ်ကိုဆင်းလာတဲ့သူ့ရဲ့ညီလေးကျိုးရန်ကိုမြင်တော့အကြံရသွားပြီ ဟဲဟဲ။

ရှန်းချိုးရဲ့ရင်ဖွင့်သံတွေကိုနားမထောင်ချင်တော့ခဏလောက်အပြင်သွားစရာရှိလို့ရှန်းချိုးဘေးနေပြီးထိုင်စောင့်ပေးပါအုံးဟုညီလေးကျိုးရန်ကိုပြောလိုက်ကာကျိုးယိလည်းအိမ်ထဲကနေအပြင်ကိုအမြန်လစ်ထွက်လာရတယ်။

" ကျိုးရန် ! မင်းဘာလို့ရည်းစားမရတာလဲ မင်းလဲငါ့လိုပဲရည်းစားမရသေးဘူးဆိုတော့ ငါတို့တွဲရအောင် လာ "

လက်ကိုလာကိုင်တဲ့ရှန်းချိုးလက်ကိုရိုက်ချလိုက်ပြီးပြန်ပြောလိုက်တယ်။

" မတွဲပါဘူး တွဲစရာလား !? ရူးနေလား "

" လာပါတွဲရအောင် "

" ဖယ်စမ်း ဖယ်စမ်း ဟူးးး စိတ်ညစ်လိုက်တာ "

ရှန်းချိုးနဲ့ဝေးဝေးမှာပဲကျိုးရန်ကထိုင်ပြီးကိုယ်ဖုန်းကိုယ်သာပြန်ကြည့်လိုက်တော့သည်။

_______________________

အိမ်ကိုပြန်ရောက်ချင်းမှာဒေါ်လေးရှေ့မှာထိုင်နေတဲ့မေမေကိုတွေ့လိုက်ရလို့ ရှောင်းကျန့်ဘာမှမပြောချင်တော့ဘူး။ပြောချင်စိတ်လည်းမရှိတာကြောင့်အခန်းထဲကိုသာချက်ချင်းဝင်လိုက်တော့သည်။

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) حيث تعيش القصص. اكتشف الآن