Dark ( or ) မုဆိုးဖို

Start from the beginning
                                    

" အင်းအရိုက်မခံချင်ရင် နွားနို့သောက်လိုက်..."

" ဟုတ်..."

နုန်းဖက်နေသည့်သူမလေးကို ကြည့်ပြီး မဟာအားမရဘဲ သူကိုယ်တိုင် ခွက်အားယူကာအသာအယာတိုက်လေသည်...

" ဒေါ်ကြွယ်...ဒေါ်ကြွယ်..."

" လာပါပြီးသခင်လေး "

" ဒီကလေးမကို ရေပတ်တိုက်ပေးလိုက်...
ပြီးရင် ကျနော့်ကိုပြော..."

" ဟုတ်ကဲ့သခင်လေး..."

မဟာသည်အခန်းအပြင်သို့ထွက်သွားသည်...
ဒေါ်ကြွယ်သည်

" သမီးအရမ်းနာနေလားဟင်း..."

" ကြီးကြွယ်...သမီးဒီမှာထပ်ပြီးမနေရဲ
တော့ဘူး...😭😭သမီးသခင်လေးကို
ကြောက်တယ် "

" သမီးရယ်...😔😔ဒါဆို ထွက်ပြေးချင်လား..."

လေပြေ ငြိမ်သွားပြီး

" အ့လိုလုပ်လို့ရပါ့မလား..."

" တစ်ခုတော့ရှိတယ်...သမီးနေကောင်းမှ
ဖြစ်မယ်..."

" ဟုတ် သမီးနေမြန်မြန် ပြန်ကောင်းအောင်
လုပ်မယ်..."

ရေပတ်တိုက်ပေးပြီး ဒေါ်ကြွယ်သည်...လေပြေ
အားအဝတ်စားလဲပေးလေသည်...

" သခင်လေး ဝင်လာလို့ရပါပြီး..."

မဟာ ဝင်လာခဲ့သည်...ဆွေ့ခနဲ့သူမကိုပွေ့ချီလိုက်ပြီးဒေါ်ကြွယ်အား..ပိုက်ဆံသောင်းတန်သုံးရွက် ကမ်းပေးကာ

" ဒေါ်ကြွယ် အနာကျက်ဆေးနဲ့ အကိုက်ခဲပျောက်ဆေး ပြီးတော့ပိုးသတ်ဆေးပါ
ဝယ်ခဲ့ပေး အနာလိမ်းတဲ့ဆေးပါ... "

" ဟုတ်ကဲ့သခင်လေး "

" ဝယ်ပြီး ကျနော့်အခန်းထဲလာခဲ့ပါ..."

မဟာသည်လေပြေအားပွေးချီပြီးမှာစရာရှိသည်ကိုမှာကာ အပေါ်ထပ် သူ၏အခန်းထဲလေပြေအားခေါ်လာခဲ့သည်...

" သခင်လေး...လေပြေ အဆင်ပြေပါတယ်
အခန်းထဲ ပြန်နေမယ်"

" အာခံနေတာလား...အသားနာချင်လို့လား..."

" ဟို...မဟုတ်...လေပြေက"

" အသားမနာချင်ရင် အေးဆေးလေးလှဲနေ"

" ဟုတ်..."

သူမ လှဲသာလှဲနေရသည်
မဟာကိုကြောက်နေရသည်
နောက်ထပ်သူမကို ရိုက်မည်စိုး၍ဖြစ်သည်

Dark ( or ) မုဆိုးဖို Where stories live. Discover now